Labels

Thursday, June 21, 2012

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ...

နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့အား အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ ဟု သမ္ဗုဒ္ဓေဂါထာတော်တွင် ရွတ်ဆိုလေ့ရှိသည်

နှစ်ကျိပ်ရှစ် (၂၈) ဆူ ဟူသည်မှာ အဘယ်နည်း ….

ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသောဒီပင်ကရာ ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ပွင့်လေခဲ့ပြီးသော ဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

၁။ ဘုရားရှင် ၁ ဆူ ပွင့်သော ကမ္ဘာ ကို သာရ ကမ္ဘာ
၂။ ဘုရားရှင် ၂ ဆူ ပွင့်သော ကမ္ဘာ ကို မဏ္ဍ ကမ္ဘာ
၃။ ဘုရားရှင် ၃ ဆူ ပွင့်သော ကမ္ဘာ ကိုဝရ ကမ္ဘာ
၎။ ဘုရားရှင် ၄ ဆူ ပွင့်သော ကမ္ဘာ ကို သာရမဏ္ဍ ကမ္ဘာ
၅။ ဘုရားရှင် ၅ ဆူ ပွင့်သော ကမ္ဘာ ကို ဘဒ္ဒ ကမ္ဘာ
-       ဟု ခေါ် ဝေါ်ကြသည်။

(၂၈)  ဆူသော ဘုရားများရေတွက်ပုံ
 
သာရ ကမ္ဘာ” (၄) ကမ္ဘာ ပါဝင်သောကြောင့်      - ဘုရား (၄) ဆူ
မဏ္ဍ ကမ္ဘာ”  (၃) ကမ္ဘာ ပါဝင်သောကြောင့်      - ဘုရား (၆) ဆူ
ဝရ ကမ္ဘာ”    (၂) ကမ္ဘာ ပါဝင်သောကြောင့်        - ဘုရား (၆) ဆူ
သာရမဏ္ဍကမ္ဘာ” (၂) ကမ္ဘာ ပါဝင်သောကြောင့် ဘုရား (၈) ဆူ
ဘဒ္ဒ ကမ္ဘာ ” (၁) ကမ္ဘာ ပါဝင်သောကြောင့်         - ဘုရား (၅) ဆူ
သို့သော် ဘဒ္ဒ ကမ္ဘာတွင်အရိမေတ္တေယျဘုရားရှင် ပွင့်ရန် ကျန်သေးသောကြောင့် ပထမ သာရ ကမ္ဘာ တွင် ပွင့်သော တဏှင်္ကရာ ဘုရားရှင် မှ ဘဒ္ဒ ကမ္ဘာမှ (၄) ဆူမြောက် ဂေါတမ ဘုရားရှင် အထိ (၂၈)ဆူ ရှိလေသည်။

ဂေါတမမြတ်စွာဘုရား အပါအဝင် ပွင့်တော်မူပြီးသော ဘုရားရှင် (၂၈) ဆူ
 
၁) တဏှင်္ကရာ ဘုရားရှင်
၂) မေဓင်္ဂရာ ဘုရားရှင်
၃) သရဏှင်္ဂရာ ဘုရားရှင်
၎) ဒီပင်္ကရာ ဘုရားရှင်
၅) ကောဏ္ဍည ဘုရားရှင်
၆) မင်္ဂလ ဘုရားရှင်
၇) သုမန ဘုရားရှင်
၈) ရေ၀တ ဘုရားရှင်
၉) သောဘိတ ဘုရားရှင်
၁၀) အနောမဒဿီ ဘုရားရှင်
၁၁) ပဒုမ ဘုရားရှင်
၁၂) နာရဒ ဘုရားရှင်
၁၃) ပဒုမုတ္တရ ဘုရားရှင်
၁၄) သုမေဓာ ဘုရားရှင်
၁၅) သုဇာတာ ဘုရားရှင်
၁၆) ပိယဒဿီ ဘုရားရှင်
၁၇) အတ္ထဒဿီ ဘုရားရှင်
၁၈) ဓမ္မဒဿီဘုရားရှင်
၁၉) သိဒ္ဓတ္ထ ဘုရားရှင်
၂၀) တိဿ ဘုရားရှင်
၂၁) ဖုဿ ဘုရားရှင်
၂၂) ၀ိပဿီ ဘုရားရှင်
၂၃) သိခီ ဘုရားရှင်
၂၄) ဝေဿဘူ ဘုရားရှင်
၂၅) ကကုသန် ဘုရားရှင်
၂၆) ကောဏဂုံ ဘုရားရှင်
၂၇) ကဿပ ဘုရားရှင်
၂၈) ဂေါတမ ဘုရားရှင်

ဗုဒ္ဓဘာသာ သံဂါယနာတင်ရာ မြေပုံ

ဘုရားလောင်း

ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာဒေ၀ီ မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်၏။ သက်တော် ၃၅-နှစ်အရွယ်တွင် သဗ္ဗညှတဉာဏ်တော်မြတ်ရ၍ ဘုရားဖြစ်တော်မူသောအခါ လူသားများသာမက တန်ခိုးကြီးမားသော နတ်မင်းကြီးများ၊ ဗြဟ္မာများကပါ ပူဇော်ကြရ၏၊ အရိုအသေပြုကြရ၏၊ လက်အုပ်ချီမိုး ရှိခိုးကြရ၏။

ထိုသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သာ သဗ္ဗညှတဉာဏ်ရှင် မြတ်စွာဘုရားအဖြစ်ကို သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် ယခုဘ၀အားထုတ်မူ သက်သက်ကြောင့်သာ ရခြင်း မဟုတ်ပါ။ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်တွင် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးခဲ့သော ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတရား ပါရမီ(၁၀)ပါး၊ စရိယာ(၃)ပါး၊ စွန့်ခြင်းကြီး(၅)ပါးတို့ ပြည့်ဝ စုံလင်ခြင်းကြောင့်သာ သိဒ္ဓတ္ထမင်းသားဘ၀တွင် သိစရာရှိသမျှ တရားအားလုံးကို သိမြင်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်ကို ရတော်မူခဲ့ခြင်းဖြစ်ပါသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ (၁၀)ပါး၊ စရိယာ (၃)ပါး၊ စွန့်ခြင်းကြီး (၅)ပါးတို့ကို ဖြည့်ကျင့်ခဲ့သည်မှာ မိမိအတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းမဟုတ်ဘဲ သတ္တ၀ါတို့အတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းဖြစ်ကြောင်းကို သဘောပေါက် နားလည်ထားသင့်ပေသည်။

ဘုရားအလောင်းအလျာ ပုဂ္ဂိုလ်မြတ်ကြီးတို့သည်ကား -

(၁) ပညာဓိက ဘုရားလောင်း

(၂) သဒ္ဓါဓိက ဘုရားလောင်း

(၃) ၀ီရိယာဓိက ဘုရားလောင်း

ဟူ၍ သုံးမျိုး ရှိကြ၏။

ပညာဓိက ဘုရားလောင်း
ဘုရားဖြစ်ခြင်း ဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညှဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏။ ထိုဉာဏ်တော်ကြီးကို ရဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာရှိမှဖြစ်၏၊ ပညာဓာတ်ခံလွန်ကဲစွာရှိပါမှသာ တစ်ဘ၀ထက် တစ်ဘ၀ ပညာဓာတ်ခံ ရင့်သန်ကာ ပညာတကာတို့ထက် အထွတ်အထိပ်ဖြစ်သော သဗ္ဗညှတဉာဏ်တော်ကြီးသို့ ပေါက်ရောက်နိုင်၏။ ပညာဓိက ဘုရားအလောင်းတော်များသည် ပါရမီ ဖြည့်ရာ၌ သဒ္ဓါ၊ ၀ီရိယ ရှေ့မဆောင်ဘဲ ပညာရှေ့ဆောင်ကာ ပါရမီဖြည့်သည့်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးလျှင် ဘုရားဖြစ်တော်မူကြ၏။

သဒ္ဓါဓိက ဘုရားလောင်း
သဒ္ဓါဓိက ဘုရားအလောင်းတို့သည်ကာ - “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်” ဟူ၍ ယုံကြည်ကြ၏၊ ဘုရားအလောင်းတော်တို့၏ စိတ်၌ ယုံကြည်မူသဒ္ဓါတရား လွန်ကဲ၍နေ၏၊ ပညာနှင့် ၀ီရိယ ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။

ဝီရိယဓိက ဘုရားလောင်း
ဝီရိယာဓိက ဘုရားအလောင်းတော်တို့သည်ကား - “ကြိုးစားလျှင် ဘုရားဖြစ်ရမည်” ဟူ၍ ၀ီရိယကိုသာ ရှေ့ထား၍ သဒ္ဓါနှင့်ပညာကို ရှေ့မထားဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်သည့်အတွက် တစ်ဆယ့်ခြောက် အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။

ထိုသို့ ဘုရားအလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မျာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက် အချိန်ကာလ ကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူး ပိုသည်လိုသည်ဟူ၍ မရှိပေ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြပေ၊ ထိုမျှ ကာလအချိန်ကြာကြာ ပါရမီဖြည့်မှသာလျှင် သဗ္ဗညှတဉာဏ်တော်ကြီး ပြီးစီးအောင်မြင် ရင့်ကျက်ပြည့်စုံခြင်းသို့ ရောက်နိုင်လေသည်။

ဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်းပေါ်ပေါက်တော်မူရေးသည် လွန်စွာ ခဲယဉ်းလှသည်။ ပါရမီဖြည့်မှ သဗ္ဗညှတဉာဏ်ကို ရနိုင်သဖြင့် ဘ၀များစွာ သင်္ချေ သင်္ချာ လွန်လေးပါမှ၊ ကပ်ကမ္ဘာများစွာ လွန်လေပါမှ ဘုရားတစ်ဆူ ပွင့်တော်မူသည်ကို ဖူးတွေ့နိုင်ကြရသည်။ “ဗုဒ္ဓုပ္ပါဒ န၀မ ခဏ” ခေါ် ဘုရားရှင်တို့ ပွင့်ပေါ်တော်မူရာ အခါအခွင့်ကောင်းသည်ကား လွန်စွာ လွန်စွာ ကြုံခဲ ဆုံခဲ လှသည်။ ကပ်ကမ္ဘာများမှာ ဘုရားရှင်တို့ ပွင့်ပေါ်မူမရှိသဖြင့် သုညကမ္ဘာများဟု ခေါ်ဆိုကြသည်။ ဘုရားရှင်တို့ ပွင့်ထွန်းမူအပေါ် မူတည်၍ အောက်ပါ အတိုင်း ကပ်ကမ္ဘာများကို သတ်မှတ် ခေါ်ဝေါ်ကြသည် -

(က) ဘုရားတစ်ဆူသာပွင့်လျှင် - သာရကမ္ဘာ မည်၏၊

(ခ) ဘုရားနှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ မည်၏၊

(ဂ) ဘုရားသုံးဆူပွင့်လျှင် - ၀ရကမ္ဘာ မည်၏၊

(ဃ) ဘုရားလေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ မည်၏၊

(င) ဘုရားငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ မည်၏။

ဆောင်ပုဒ်။ ။

တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ။

သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။

တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ။

(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)

ဘုရားအလောင်းဖြစ်ရန်ပင် အမှန်ခဲယဉ်းခြင်း

သမ္မာသမ္ဗုဒ္ဓ သဗ္ဗညှဘုရားရှင်အဖြစ်ကို မဆိုထားဘိ သုမေဓာရသေ့ကဲ့သို့ နိယတဗျာဒိတ်ရ ဘုရားအလောင်းတော် ဘ၀ကိုသော်မှလည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံမှသာ ရနိုင်ပေသည်။ ထိုအင်္ဂါရှစ်ပါးမှာ -

(၁) လူဇာတ်စင်စစ် ဖြစ်ရခြင်း၊

(၂) ယောက်ျားစင်စစ် ဖြစ်ရခြင်း၊

(၃) ထိုဘ၀မှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော တိဟိတ်ပဋိသန္ဓေနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊

(၅) ကမ္မ၀ါဒီရသေ့ (သို့မဟုတ်) သာသနာတော်တွင်း ရဟန်းဖြစ်ရခြင်း၊

(၆) ဈာန် သမာပတ်တန်ခိုး ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊

(၇) ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သက်တော်ထင်ရှား ဘုရားရှင်ထံတော်၌ အလွန်အကြူး ပါရမီကုသိုလ်တို့ကို ပြုစု ပွားများအားထုတ်သူ ဖြစ်ခြင်း၊

(၈) ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒအားကြီးသူ ဖြစ်ခြင်းတို့ဖြစ်သည်။

ဆိုအပ်ပြီးသော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်မှသာ ဘုရားဆုပန်ုနိုင်ခွင့်ရှိသူ ဖြစ်နိုင်၍ ဘုရားအလောင်းဖြစ်ရေးပင်လျှင် လွန်စွာ ခဲယဉ်းလှပေသည်။ မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင် ရသေ့သည်ကား အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်သဖြင့် ဒီပင်္ကရာမြတ်စွာဘုရား၏ ထံတော်မှောက်ဝယ် အလျားမှောက်လျက် “နောင်အခါဝယ် ဂေါတမမည်တွင် ဘုရားရှင် ဖြစ်လိမ့်မည်” ဟူသော နိယတဗျာဒိတ်ကို ရရှိသူဖြစ်လေသည်။ ထိုဘ၀မှစ၍ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယာသုံးပါးတို့ကို ရပ်နားမရှိ ပါရမီဖြည့်ခဲ့လေသည်။

(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)


credit to Buddha In My Life

ဘုရားဂုဏ်တော်ကိုးပါး


ဘုရားဂုဏ်တော်ကိုးပါး

ဘုရားဂုဏ်တော်ကိုးပါးရဲ့ လိုရင်းအဓိပ္ပာယ်တွေကို မြန်မာလို သိထားသင့်ပါတယ်။ အလွတ်ရအောင် ကျက်ထားပြီး အနည်းဆုံး တစ်နေ့တစ်ခေါက် ပါဠိလိုရော မြန်မာလိုပါ ပွားများသွားမယ်ဆိုရင် မေ့မှာလည်း မဟုတ်တော့ပါဘူး။ အကျိုးလည်း အင်မတန်ကြီးပါတယ်။

မြန်မာလူမျိုးတွေအနေနဲ့ မြန်မာလို ဂုဏ်တော်ပွားတာ အကောင်းဆုံးပါပဲ။ အဓိပ္ပာယ် ရင်ထဲရောက်တဲ့အတွက် ဘုရားကိုလည်း ပိုကြည်ညိုပါတယ်။ ဓာတ်ကောင်းတွေလည်း ပိုကူးစက်ပါတယ် တန်ခိုးသတ္တိလည်း ပိုထက်မြက်ပါတယ်။ မိတ်ဆွေတို့ ဒီဂုဏ်တော်ကိုးပါးကို ကျက်မှတ်ရွတ်ဖတ်လို့ အန္တရာယ်ကင်းလို့ ဘေးရှင်းနိုင်ကြပါစေ။

{ ဘုရားဂုဏ်တော်ကိုးပါး }

# အရဟံ
ကိလေသာကင်းစင်တော်မှုသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမှုသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား။

# သမ္မာသမ္ဗုဒ္ဓေါ
သိစရာအားလုံးတို့ကို အမှန်အတိုင်း၊ ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မှုသော မြတ်စွာဘုရား။

# ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
ဝိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။

# သုဂတော
ကောင်းသောစကားကို ဆိုတော်မှုသော မြတ်စွာဘုရား။
မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မှုသော မြတ်စွာဘုရား။
ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မှုသော မြတ်စွာဘုရား။

# လောက၀ိဒူ
လောကသုံးပါးကို သိတော်မှုသော မြတ်စွာဘုရား။
သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မှုသော မြတ်စွာဘုရား။

# အနုတ္တရောပုရိသဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော်မှုတတ်သော မြတ်စွာဘုရား။

# သတ္တာဒေ၀မနုဿာနံ
နတ်လူတို့၏ ဆရာတစ်ဆူဖြစ်တော်မှုသော မြတ်စွာဘုရား။
နတ်လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မှုသော မြတ်စွာဘုရား။

# ဗုဒ္ဓေါ
သစ္စာလေးပါးကို ကိုယ်တိုင်းလည်း သိတော်မှု၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မှုသော မြတ်စွာဘုရား။
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မှု၊ သူတစ်ပါးတို့ကို လည်း သိအောင် ဟောတော်မှုသော မြတ်စွာဘုရား။

# ဘဂ၀ါ
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော မြတ်စွာဘုရား။
၁။ ဣဿရိယဘုန်းတော်
မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မှုသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော်
မဂ်ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော်
များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
၎။ သိရီဘုန်းတော်
အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော်
လိုအင်ဆန္ဒ တောင့်တမှုမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မှုသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော်
အတုမရှိသော လုံ့လ၀ီရိယနှင့် ပြည့်စုံတော်မှုသော မြတ်စွာဘုရား။

မှတ်ချက်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

(Credit to myittaryik.blogspot.sg)

Tuesday, June 12, 2012

Yoga Exercise - Sun Salutation (Surya Namaskar) @ ABC-of-Yoga



 
Surya Namaskar (Sun Salutation) combines Yogasanas (yoga postures) and Pranayama (yoga breathing). It brings about the general flexibility of the body preparing it for Asanas and Pranayama. This is usually done both at sunrise and sunset, facing the Sun.

The Sun Salutation is a warm-up exercise that should be practised before starting the other Asanas. It is made up of 12 different spinal positions giving various vertebral movements to the spinal column. It brings great flexibility to the spine and limbs. For stiff people the Sun Salutation is a great boon in helping to regain lost flexibility. The Sun Salutation helps to regulate the breathing and focus the mind.

The are mainly two modes of performing Sun Salutation. In one, there are 12 steps and in the other only 10 in each round. Each stage of Sun Salutation is accompanied by regulation of breath.

Technically, Sun Salutation is not an asana, but a series of gentle flowing movements synchronized with the breath. Once you have learned the positions of the Sun Salutation, it is important to tune them to a rhythmical breathing pattern. Try to do 6-12 cycles of the Sun Salutation every day.

 Below is the link to see more details.

Yoga Exercise - Sun Salutation (Surya Namaskar) @ ABC-of-Yoga