ထိုသို့ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သာ သဗ္ဗညှတဉာဏ်ရှင် မြတ်စွာဘုရားအဖြစ်ကို သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် ယခုဘ၀အားထုတ်မူ သက်သက်ကြောင့်သာ ရခြင်း မဟုတ်ပါ။ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်တွင် ဘုရားဆုကို ပန်ဆင်ကာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့် ဆည်းပူးခဲ့သော ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတရား ပါရမီ(၁၀)ပါး၊ စရိယာ(၃)ပါး၊ စွန့်ခြင်းကြီး(၅)ပါးတို့ ပြည့်ဝ စုံလင်ခြင်းကြောင့်သာ သိဒ္ဓတ္ထမင်းသားဘ၀တွင် သိစရာရှိသမျှ တရားအားလုံးကို သိမြင်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်ကိ
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ (၁၀)ပါး၊ စရိယာ (၃)ပါး၊ စွန့်ခြင်းကြီး (၅)ပါးတို့ကို ဖြည့်ကျင့်ခဲ့သည်မှာ မိမိအတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းမဟုတ်ဘဲ သတ္တ၀ါတို့အတွက် ဘုရားဖြစ်ချင်၍ ကျင့်ခြင်းဖြစ်ကြောင်းကို သဘောပေါက် နားလည်ထားသင့်ပေသည်။
ဘုရားအလောင်းအလျာ ပုဂ္ဂိုလ်မြတ်ကြီးတို့သည်ကား
(၁) ပညာဓိက ဘုရားလောင်း
(၂) သဒ္ဓါဓိက ဘုရားလောင်း
(၃) ၀ီရိယာဓိက ဘုရားလောင်း
ဟူ၍ သုံးမျိုး ရှိကြ၏။
ပညာဓိက ဘုရားလောင်း
ဘုရားဖြစ်ခြင်း ဟူသည် အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညှဉာဏ်တော်ကြီးကို ရခြင်းပင်ဖြစ်၏။ ထိုဉာဏ်တော်ကြီးကို ရဖို့ရန်မှာ ရှာမှီးသူတို့၏ စိတ်သန္တာန်တွင် ပညာဓာတ်ခံ လွန်ကဲစွာရှိမှဖြစ်၏၊ ပညာဓာတ်ခံလွန်ကဲစွာရှိပါမှသ
သဒ္ဓါဓိက ဘုရားလောင်း
သဒ္ဓါဓိက ဘုရားအလောင်းတို့သည်ကာ - “ပါရမီဖြည့်လျှင် ဘုရားဖြစ်နိုင်သည်” ဟူ၍ ယုံကြည်ကြ၏၊ ဘုရားအလောင်းတော်တို့၏ စိတ်၌ ယုံကြည်မူသဒ္ဓါတရား လွန်ကဲ၍နေ၏၊ ပညာနှင့် ၀ီရိယ ရှေ့မဆောင်ဘဲ သဒ္ဓါတရားကသာ ရှေ့ဆောင်ကာ ပါရမီဖြည့်ကျင့်ရသည့်အတွက် ရှစ်အသေင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှ ဘုရားဖြစ်တော်မူကြ၏။
ဝီရိယဓိက ဘုရားလောင်း
ဝီရိယာဓိက ဘုရားအလောင်းတော်တို့သည်ကား
ထိုသို့ ဘုရားအလောင်းတော်တို့ သုံးမျိုးကွဲပြားရသည်မျာ မိမိတို့ဆန္ဒ ဆုတောင်းအလိုက် အချိန်ကာလ ကွဲပြားရခြင်း ဖြစ်သော်လည်း ဘုရားဖြစ်သောအခါ ဂုဏ်ကျေးဇူး ပိုသည်လိုသည်ဟူ၍ မရှိပေ၊ ထိုကာလထက် စော၍ ဘုရားအဖြစ်သို့ ရောက်တော်မမူနိုင်ကြပေ၊ ထိုမျှ ကာလအချိန်ကြာကြာ ပါရမီဖြည့်မှသာလျှင် သဗ္ဗညှတဉာဏ်တော်ကြီး ပြီးစီးအောင်မြင် ရင့်ကျက်ပြည့်စုံခြင်းသို့ ရောက်နိုင်လေသည်။
ဘုရားတစ်ဆူတစ်ဆူ ပွင့်ထွန်းပေါ်ပေါက်တော်မူရေ
(က) ဘုရားတစ်ဆူသာပွင့်လျှင် - သာရကမ္ဘာ မည်၏၊
(ခ) ဘုရားနှစ်ဆူပွင့်လျှင် - မဏ္ဍကမ္ဘာ မည်၏၊
(ဂ) ဘုရားသုံးဆူပွင့်လျှင် - ၀ရကမ္ဘာ မည်၏၊
(ဃ) ဘုရားလေးဆူပွင့်လျှင် - သာရမဏ္ဍကမ္ဘာ မည်၏၊
(င) ဘုရားငါးဆူပွင့်လျှင် - ဘဒ္ဒကမ္ဘာ မည်၏။
ဆောင်ပုဒ်။ ။
တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ။
သာရမဏ္ဍ၊ လေးဆူပြ၊ ပဉ္စ ဘဒ္ဒကာ။
တစ်ဆူသော်မှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ။
(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)
No comments:
Post a Comment