(၁) လူဇာတ်စင်စစ် ဖြစ်ရခြင်း၊
(၂) ယောက်ျားစင်စစ် ဖြစ်ရခြင်း၊
(၃) ထိုဘ၀မှာပင် အရဟတ္တဖိုလ် ရနိုင်လောက်သော တိဟိတ်ပဋိသန္ဓေနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊
(၄) သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း၊
(၅) ကမ္မ၀ါဒီရသေ့ (သို့မဟုတ်) သာသနာတော်တွင်း ရဟန်းဖြစ်ရခြင်း၊
(၆) ဈာန် သမာပတ်တန်ခိုး ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ ဖြစ်ရခြင်း၊
(၇) ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သက်တော်ထင်ရှား ဘုရားရှင်ထံတော်၌ အလွန်အကြူး ပါရမီကုသိုလ်တို့ကို ပြုစု ပွားများအားထုတ်သူ ဖြစ်ခြင်း၊
(၈) ဘုရားဖြစ်လိုသော ကုသိုလ်ဆန္ဒအားကြီးသူ ဖြစ်ခြင်းတို့ဖြစ်သည်။
ဆိုအပ်ပြီးသော အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံသူဖြစ်မှသာ ဘုရားဆုပန်ုနိုင်ခွင့်ရှိသူ
(မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။)
credit to Buddha In My Life
No comments:
Post a Comment