သာသနာနှင့် နက္ခတ်ဗေဒင်
  ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋
 ဗုဒ္ဓနှင့်ဗေဒင် အလွန်ပင်ဆန့်ကျင်
 --------------------------------------------
 ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းမင်းသည် အရည်းကြီးလူထွက်
 ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသည်။ နတ်နှင့်နဂါးကိုလည်း ကိုး
 ကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင့်မှော်ပညာအထွတ်အထိပ်သို့ရောက်
 ၍ နတ်နှင့်နဂါးကိုးကွယ်မှုမှာလည်း ယခုထက်တိုင် တွင်ကျယ်လာခဲ့သည်။ နဂါး
 ကိုးကွယ်မှုသည် ပုပ္ပါးဘက်တွင် အကြီးအကျယ် ဖြစ်နေသဖြင့် နှောင်းခေတ်ဘု
 ရင်များက တိရစ္ဆာန်နဂါးကို ကိုးကွယ်တာနှင့်စာလျှင် လူကဖြစ်သော နတ်စိမ်းကို
 ကိုးကွယ်တာက တော်သေးသည်ဟုယူဆကာ ပန်းပဲမောင်တင့်တယ် မောင်နှမ
 အကြောင်း ထိုးဇာတ်တစ်ခုရေးပြီး ရုပ်တုနှင့်တကွ ဖောင်ဖြင့်မျှောလိုက်ရာမှ အစ
 ပြု၍ နဂါးကိုးကွယ်မှုအစား နတ်ကိုးကွယ်မှုဝင်ရောက်လာကြောင်း စစ်ကိုင်းဦးဘိုး
 သင်း၏ သူ့အမြင်သူ့အတွေး စာအုပ်တွင် ဖတ်ရှုလိုက်ရပါသည်။
 
 အနော်ရထာမင်းလက်ထက်မှစ၍ ကွယ်ပျောက်ခဲ့ရသော နဂါးကိုးကွယ်မှုသည် 
 ယခု အချိန်အထိ အမြစ်ပြတ်ခြင်း မရှိသေးချေ။ အဘယ့်ကြောင့်ဆိုသော် အထက်
 မြန်မာပြည်ရှိ အချို့ကျေးရွာများသည် ရှင်ပြုသည့်အခါ နဂါးကိုရှင်လောင်းပြသည်
 ဟုဆိုကာ ရွာအနောက်ဘက်တံခါးသို့ သွားလေ့သွားထရှိသည်ကို တွေ့နေရ
 သေးသောကြောင့်ပင်။ အထင်ရှားဆုံးသော အချက်တစ်ခုသည်ကား ခရီးသွား၊
  အိမ်အပြောင်းအရွှေ့ လုပ်ကြသည့်အခါ နဂါးခံတွင်းမ၀င်မိရန်တတ်နိုင်သမျှ 
 ရှောင်ကြဉ်ကြခြင်းပင် ဖြစ်၏။
 
 နဂါးကိုးကွယ်သူတို့၏ အယူအဆအရ နဂါးသည် တစ်နေရာ၌ သုံးလနေပြီး အ
 ရပ်လေးမျက်နှာသို့လက်ယာရစ် လှည့်နေသည်။ နဂါးခေါင်းသည် တပေါင်း၊ တန်
 ခူး၊ ကဆုန် သုံးလတို့၌ အနောက်ဘက်သို့ လှည့်နေသည်။ နယုန်၊ ၀ါဆို၊ ၀ါခေါင်
 သုံးလတို့၌ မြောက်ဘက်သို့လှည့်နေသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲ သုံးလ
 တို့၌ တောင်ဘက်သို့ ခေါင်းလှည့်နေသည်။
 
 တစ်စုံတစ်ယောက်သောသူသည် နဂါးခံတွင်းသို့ဝင်သွားပါကဆင်းရဲဒုက္ခနှင့်တွေ့
 ရလိမ့်မည်။ နဂါးအကြေးခွံကို လှန်သွားပါက ကံဆိုးမိုးမှောင်နှင့် တွေ့ရလိမ့်မည်။
 နဂါး၏ ၀မ်းကိုဖောက်၍ သွားမှသာလျှင် ကံဆိုးမှလွတ်ပြီး ချမ်းသာသုခနှင့် တွေ့ရ
 လိမ့်မည်။ ဥပမာအားဖြင့် နဂါးခေါင်း အရှေ့ဘက်သို့လှည့်နေသော တော်သလင်း၊
 သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့၌ အရှေ့မှအနောက်သို့ သွားခြင်းနှင့် အ
 နောက်မှအရှေ့သို့ သွားခြင်းကို ရှောင်ရမည်။
 
 တောင်မှမြောက်သို့လည်းကောင်း၊ မြောက်မှတောင်သို့လည်းကောင်း သွားခြင်း
 ကိုကား ပြုလုပ်နိုင်သည်။ အတွေးအခေါ်ရှိသော ဗုဒ္ဓဘာသာဝင်များ၏ ရယ်ရွှင်
 ဖွယ်ကောင်းသော အယူအဆဖြစ်ပါသည်။ ထို့အတူကောင်းကျိုးဆိုးကျိုးကို
 ကောင်းကံ၊ မကောင်းကံက ဖန်တီးမပေးဘဲ ကိတ်ဂြိုဟ်မှတစ်ပါး ဂြိုဟ်ကြီးရှစ်လုံး
 က ဖန်တီးပေးသည်ဟူသော ဗေဒင်၊ နက္ခတ် အယူအဆသည်လည်း ဗုဒ္ဓနှင့် အ
 လွန်ပင်ဆန့်ကျင်လှပါ၏။
 
 ထိုကဲ့သို့ ဆန့်ကျင်ပုံကို ထင်ရှားသိသာစေရန် ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာ
 ရာမကျောင်းဆရာတော် ဦးဉာဏက တရားစစ်တမ်း ဆွေးနွေးခန်းစာအုပ်တွင်
 အောက်ပါအတိုင်း အသိပေးရေးသားတော်မူခဲ့ပါသည်။
 
 “ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊ နမန္တာကျမ်းကိုယူံသူတွေက များပါတယ်။
  တစ်နှစ်တစ်ခါထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကြီးကို နတ်
 သမီးများ တစ်ယောက်လက် တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား။
  မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ ခန္ဓာကိုယ်သည် ကမ္မဇရုပ်တွေချည်းမို့ သေ
 လျှင်မီးတောက်သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ်။ ဗေဒင်က ယခု
ိထိခေါင်းပြတ်ကြီး မပုပ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံသမျှ ပုပ်မှာမ
 ဟုတ်ဘူးကွဲ့။”
 
 “ ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာနထားသကွဲ့၊ မြတ်စွာဘုရားက ကုသိုလ်
 နဲ့ အကုသိုလ်ကို ပဓာနထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထား
 ၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္မတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့ ကဲ..
 မဆန့်ကျင်ပါလား၊ မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကိုယုံလျှင် ဘုရားတရားကို
 မယုံရာကျတာပေါ့။ မြတ်စွာဘုရားဟောတာ သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ
 ဝိဘဇ္ဇတိတဲ့၊ ကဲ..ဘယ်မှာလည်းကွဲ့”
 
 “နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မသာကို စံချရင်တစ်လောင်း
 နှင့် ကိစ္စမပြီးတတ်ဘူးလို့လည်း မပါ။ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီး
 တတ်တယ်လို့လည်း မပါ။ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ပျက်စီးရတယ်လို့
 လည်း မပါ။ ဓမ္မာသောက အင်းဝရာဇာကျလို့ ပျက်စီးတာလည်းမပါ။ သားဦးစနေ
 မီးလိုမွှေဆိုတာလည်းမပါ။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါဆိုတာတွေဟာပညတ်သင်္ကေ
 တတွေပဲ၊ လူကိုကောင်းအောင် ဆိုးအောင်မလုပ်နိုင်ပါဘူး၊ ကုသိုလ်ကံ ကသာ
 ကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်။ ဒီ
 တော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုးကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်
 ကံကို ဣစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာ
 မိမှာ မဟုတ်ဘူးလား”
 
 နမ္မားဆရာတော်နည်းတူ အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော်ကြီးကလည်း
 ကြောက်စရာအစစ်အမှန်ကို ယခုကဲ့သို့ ထုတ်ပြန်ခဲ့ပါသည်။
 
 အရှင်ဇဝန
 (မေတ္တာရှင် - ရွှေပြည်သာ)
 မျက်ရည်မကျခင်သိစေချင်မှ)
 Buddhavasa Tiloka
Tuesday, October 8, 2013
Sunday, August 4, 2013
ပဉ္စမအကြိမ်, ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ခြင်း
| 
   
သင်္ဂါယနာတင်ခြင်း 
 | 
  
   
ပဉ္စမအကြိမ် 
 | 
  
   
ဆဋ္ဌမအကြိမ် 
 | 
 
| 
   
အကြောင်းခံ 
 | 
  
   
သာသနာနှစ်(၂၄၁၅)ကြာပြီးနောက်
  စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း(၂၀၀၀)ခန့်  
ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ် တို့ ကြောင့် ကြာရှည်ခံနိုင်မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့ အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။  | 
  
   
သာသနာထွန်းကားရာ
  မြန်မာနိုင်ငံသည် တစ်ပါးသောဘာသာဝင်တို့ ၏ သူ့ ကျွန်ဘ၀ရောက်ခဲ့ပြီး 
နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈)နှစ်တွင် သင်္ဂါယနာ တင်ခဲ့ရသည်။  | 
 
| 
   
သာသနာနှစ် 
 | 
  
   
(၂၄၁၅)နှစ် 
 | 
  
   
(၂၄၉၈)နှစ် 
 | 
 
| 
   
နေရာ 
 | 
  
   
မြန်မာနိုင်ငံ
  မန္တလေးမြို့  ရတနာပုံနေပြည်တော် 
 | 
  
   
မြန်မာနိုင်ငံ
  ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ 
 | 
 
| 
   
ခေါင်းဆောင် 
 | 
  
   
အရှင်ဇာဂရမထေရ် 
 | 
  
   
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊
  မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် 
ဦးဝိစိတ္တသာရာဘိဝံသ  | 
 
| 
   
သံဃာဦးရေ 
 | 
  
   
ရိုးရိုးရဟန်းပေါင်း(၂၄၀၀) 
 | 
  
   
ရိုးရိုးရဟန်းပေါင်း(၂၅၀၀) 
 | 
 
| 
   
မင်း 
 | 
  
   
မင်းတုန်းမင်း 
 | 
  
   
ဖဆပလ
  ဦးနု အစိုးရ 
 | 
 
| 
   
ကြာမြင့်ချိန် 
 | 
  
   
နှုတ်ဖြင့်ရွတ်(၅)လ(၃)ရက် 
ကျောက်ထက်တင်(၇)နှစ် (၆)လ (၁၄)ရက်  | 
  
   | 
 
| 
   
ကြာမြင့်ချိန် 
 | 
  
   
သာသနာနှစ်(၂၄၁၅)နှစ်ကြာသော်
  ပေရွက်ပေါ်တွင်တင်ထားသော ပိဋကတ်(၃)ပုံတို့ သည် 
ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့ မူကွဲများ ဖြစ်ပေါ် လာခြင်းတို့ ကြောင့် အရှင်ဇာဂရမထေရ် ဦးဆောင်သော ရဟန်း(၂၄၀၀)ပါဝင်သော သံဃာထုသည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထုပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅)လနှင့်(၃)ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေှ့ ကြာရှည်မပျက်စီးရလေအောင် စကျင်ကျေက်ပြားပေါ်၌ ထွင်းထု ရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း(၇၂၉)ချပ်ရရှိ ခဲ့ပြီး အချိန်အားဖြင့် (၇)နှစ်(၆)လနှင့်(၁၄)ရက်ကြာမြင့် ခဲ့ပြီး ယနေ့ တိုင် မန္တလေးလောကမာရဇိန်ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book)ဟူသော အမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ဂုဏ်ဆောင် မှတ်တိုင်ကြီးအဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။  | 
  
   
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော
  မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး 
သာသနာတော်လွန်စွာ ညှိုးနွမ်းလာခဲ့သည်။ သူ့ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့်မင်းကွန်းဆရာတော် များဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ဖဆပလဦးနု အစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိ လာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော်သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။  | 
 
တတိယအကြိမ်, စတုတ္ထအကြိမ် သင်္ဂါယနာတင်ခြင်း
| 
   
သင်္ဂါယနာတင်ခြင်း 
 | 
  
   
တတိယအကြိမ် 
 | 
  
   
စတုတ္ထအကြိမ် 
 | 
 
| 
   
အကြောင်းခံ 
 | 
  
   
သာသနာနှစ်(၂၃၅)နှစ်
  ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသောရဟန်းတု(၆၀၀၀၀) 
ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာသည်ကို အကြောင်းပြုပြီး တင်ခဲ့ရသည်။  | 
  
   
သာသနာနှစ်(၄၅၀)ကြာသော်
  သီဟိုဠ်နိုင်ငံသို့  သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့် 
သူပုန်ဘေးကြီး (၁၂)နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်းပြုပြီးတင်ခဲ့သည်။  | 
 
| 
   
သာသနာနှစ် 
 | 
  
   
(၂၃၅)နှစ် 
 | 
  
   
(၄၅၀)နှစ် 
 | 
 
| 
   
နေရာ 
 | 
  
   
ပါဋလိပုတ်ပြည်
  အသောကာရုံကျောင်း 
 | 
  
   
သီဟိုဠ်နိုင်ငံ
  မလယဇနပုဒ် အလောကလိုဏ်ဂူ 
 | 
 
| 
   
ခေါင်းဆောင် 
 | 
  
   
အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် 
 | 
  
   
အရှင်မဟာဓမ္မရက္ခိတမထေရ် 
 | 
 
| 
   
သံဃာဦးရေ 
 | 
  
   
ရဟန
္တာပေါင်း(၁၀၀၀) 
 | 
  
   
ရဟန
္တာပေါင်း(၅၀၀) 
 | 
 
| 
   
မင်း 
 | 
  
   
သီရိဓမ္မာသောကမင်း 
 | 
  
   
ဝဋ္ဋဂါမဏိမင်း 
 | 
 
| 
   
ကြာမြင့်ချိန် 
 | 
  
   
(၉)လ 
 | 
  
   
တစ်နှစ် 
 | 
 
| 
   
ကြာမြင့်ချိန် 
 | 
  
   
ရဟန်းအတု(၆၀၀၀၀)ကျော်
  သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် 
ရဟန်းဖြစ်ပြီး လုပ်ချင်သလို လုပ်နေကြရာ သာသနာလွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့ မှာ လွန်စွာချို့ တဲ့ဒုက္ခရောက်ခဲ့ကြရသည်။ အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ(၁၀၀၀)ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထုပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန်(၉)လကြာမြင့်ခဲ့သည်။ အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စီစစ်ပြီး လူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ ဖြင့် သာသနာတော်ညှိုးနွမ်းနေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြ ပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်း ကိုးဌာန သာသနာပြုအဖွဲ့ များ စေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြုလုပ်ငန်းကို ကမ္ဘာအနှံပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါ ယာတစ်ခုလုံး၏(၅)ပုံ(၄)ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံသို့  သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ့ မှ အရှင်သောဏ နှင့် အရှင်ဥတ္တရမထေရ်(၂)ပါး ဦးဆောင်သော ရဟန္တာ(၅)ပါးအဖွဲ့ ၏ သထုံဖက်မှ ဝင်ရောက် သာသနာပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။  | 
  
   
သီရိဓမ္မာသောကမင်း၏
  သားတော်ရပာန္တာ မပိာန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့  
ပြုခဲ့သောသာသနာတော်သည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂)နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယိကာ၊ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှု မရှိတော့သဖြင့် ၀ိနည်းလေးစားသော သံဃာအစစ်တို့ သည် ဒုက္ခရောက်ကြရသည်။ အချို့ သော သံဃာအစစ်တို့ သည် ဘုရားရှင်၏ ဓမ္မများမပျောက်ပျက်ရလေအောင် နှုတ်ဖြင့် ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများတင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်း နေကြသည်။ အချို့ သံဃာတို့ တွင်လည်း လွန်စွာချို့ တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာကြသည်။သူပုန်ဘေး(၁၂)နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန် နေသဖြင့် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော ရဟန္တာ(၅၀၀)တို့ ပါဝင်သော သံဃာထု အထောက်အပံ့ ပြုကြသော ၀ဋ္ဋဂါမဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူ လူထု ထု(၃)ထု ပူးပေါင်းဆောင်ရွက်ကြသည်။ ပိဋကတ်တော်များသည် နှုတ်ထက် အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ် သွားနိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာ တင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့သည်။ (တစ်ခဏဖြစ်ရ လူ့ ဘ၀အနှစ်ပြည့်အောင် ကြိုးစားကြ)  | 
 
ပထမအကြိမ်, ဒုတိယအကြိမ် သင်္ဂါယနာတင်ခြင်း
| 
   
သင်္ဂါယနာတင်ခြင်း 
 | 
  
   
ပထမအကြိမ် 
 | 
  
   
ဒုတိယအကြိမ် 
 | 
 
| 
   
အကြောင်းခံ 
 | 
  
   
သုဘဒ္ဒဟုခေါ်သော
  ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ဝိနည်း(စည်းကမ်း)အား အကြိမ်ကြိမ် 
ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။  | 
  
   
သာသနာနှစ်(၁၀၀)ကြာပြီးနောက်
  ဝဇ္ဇီတိုင်းသားရဟန်းများ(ဒေဝဒတ်၏တပည့်များ)မှ 
အဓမ္မဝတ္ထု(၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေ လက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်လည်းကောင်း၊ သေနု(အရက်ခပ်ပျော့ပျော့)ကိုသောက်ရန်လည်းကောင်း ရွှေငွေများကို သာမာန်လူပုဂ္ဂိုလ်များကဲ့သို့  ကိုင်တွယ်အသုံးပြုရန်လည်းကောင်း စသည်ဖြင့် တောင်းဆိုခဲ့သည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်းလာသည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။  | 
 
| 
   
သာသနာနှစ် 
 | 
  
   
ဘုရားပရိနိဗ္ဗာန်ပြုပြီး
  (၃)လ နှင့်(၄)ရက် 
 | 
  
   
(၁၀၀)နှစ် 
 | 
 
| 
   
နေရာ 
 | 
  
   
ရာဇဂြိုဟ်ပြည်
  ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ 
 | 
  
   
ဝေသာလီပြည်၊ဝါဠုကာရာမကျောင်း 
 | 
 
| 
   
ခေါင်းဆောင် 
 | 
  
   
အရှင်မဟာကဿပမထေရ်
  ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့် ညီတော်အာနန္ဒာ(သုတ္တန် နှင့် အဘိဓမ္မာ) 
 | 
  
   
အရှင်ယသမထေရ်
  ဦးဆောင်သော အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ 
 | 
 
| 
   
သံဃာဦးရေ 
 | 
  
   
ရဟန္တာပေါင်း(၅၀၀) 
 | 
  
   
ရဟန
္တာပေါင်း(၇၀၀) 
 | 
 
| 
   
မင်း 
 | 
  
   
အဇာတသတ်မင်း 
 | 
  
   
ကာလာသောကမင်း 
 | 
 
| 
   
ကြာမြင့်ချိန် 
 | 
  
   
(၇)လ 
 | 
  
   
(၈)လ 
 | 
 
| 
   
ကြာမြင့်ချိန် 
 | 
  
   
သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး
  အရှင်မဟာကဿပ မထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ 
ဝိနည်းတော်ကိုလည်းကောင်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကိုလည်းကောင်း သံဃာအစည်းအဝေးသို့  တင်သွင်းခဲ့သည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့  အသေးများ စုဖွဲ့ ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၄င်းကို ထပ်မံပြီး သဘောတရားတူရာအလိုက် အုပ်စုဖွဲ့ လိုက်ရာ အုပ်စု(၃)စုရရှိပြီး ပိဋကတ်(၃)ပုံဟုခေါ် တွင်သည်။ ၄င်းပိဋကတ်(၃)ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၂၁၀၀၀) ၊သုတ္တန်ပိဋကတ်တွင်ဓမ္မက္ခန္ဓာ(၂၁၀၀၀) အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၄၂၀၀၀)ထည့်သွင်းကာ သဘောတူခဲ့ကြသည်။ အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံး တရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။ ပထမအကြိမ်သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်(၃)ပုံစတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှုဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်လည်းကောင်း ၊ပိုနေလို့ နုတ်ပယ်ရန်လည်းကောင်း)ကို စီစစ် ခဲ့ကြရာ အားလုံးမှ ပြည်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားရှင်၏ ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ပိုင်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့  ဟုသဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာဟု ခေါ်တွင်ခဲ့ပေသည်။ ရဟန္တာ(၅၀၀)သော သံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသောမင်းထုနှင့် ဗုဒ္ဓသာသနာဝင် အားလုံး ပြည်သူလူထုမှ ပစ္စယာနုဂ္ဂဟ အဖြစ်ပံ့ပိုးကူညီခဲ့ကြပါသည်။  | 
  
   
ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို
  အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် 
အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စီစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (ဂ)လ ကြာမြင့်ခဲ့သည်။ ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု(၃)ထုပူးပေါင်းပြီး ရဟန်းပျက်များအား စီစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀) ကျော်အားနှင်ထုတ်ခဲ့ရသည်။ ၄င်းရဟန်းပျက်(၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၄င်းတို့ သည် ဟိမဝန္တာတောင်ခြေ ဖက်သို့ သွားရောက်ခဲ့ရာ ၄င်းနေရာရှိမင်းတစ်ပါးမှသနားပြီးခိုလှုံခွင့်ပေးလိုက်ရာမှ ၄င်းတို့ သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၄င်းတို့ မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ကျန်ရှိခဲ့ကြသော ရဟန္တာ(၇၀၀)ပါသောအဖွဲ့ အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ ဟု ခေါ်တွင်ခဲ့ကြသည်။ 
သာသနာတော်ညှိုးနွမ်းလာသော
  အန္တရာယ်ကို ကာကွယ်ရန် သံဃာထု၊ မင်းထု၊ ပြည်သူလူထု 
ထု(၃)ထု မှ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။  | 
 
Subscribe to:
Comments (Atom)