Labels

Sunday, August 4, 2013

ပထမအကြိမ်, ဒုတိယအကြိမ် သင်္ဂါယနာတင်ခြင်း

သင်္ဂါယနာတင်ခြင်း
ပထမအကြိမ်
ဒုတိယအကြိမ်
အကြောင်းခံ
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ဝိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်
ဖောက်ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား
အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ
သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။
သာသနာနှစ်(၁၀၀)ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ(ဒေဝဒတ်၏တပည့်များ)မှ
အဓမ္မဝတ္ထု(၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေ လက်တစ်သစ်လွဲသည်အထိ
ထမင်းစားရန်လည်းကောင်း၊ သေနု(အရက်ခပ်ပျော့ပျော့)ကိုသောက်ရန်လည်းကောင်း
ရွှေငွေများကို သာမာန်လူပုဂ္ဂိုလ်များကဲ့သို့  ကိုင်တွယ်အသုံးပြုရန်လည်းကောင်း စသည်ဖြင့်
တောင်းဆိုခဲ့သည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့်
သာသနာညှိုးနွမ်းလာသည်ကို အကြောင်းပြုပြီးတင်ခဲ့သည်။
သာသနာနှစ်
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့်(၄)ရက်
(၁၀၀)နှစ်
နေရာ
ရာဇဂြိုဟ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ
ဝေသာလီပြည်၊ဝါဠုကာရာမကျောင်း
ခေါင်းဆောင်
အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့် ညီတော်အာနန္ဒာ(သုတ္တန် နှင့် အဘိဓမ္မာ)
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတ နှင့် အရှင်သဗ္ဗကာမိ
သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)
ရဟန္တာပေါင်း(၇၀၀)
မင်း
အဇာတသတ်မင်း
ကာလာသောကမင်း
ကြာမြင့်ချိန်
(၇)လ
(၈)လ
ကြာမြင့်ချိန်
သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပ မထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ
ဝိနည်းတော်ကိုလည်းကောင်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကိုလည်းကောင်း
သံဃာအစည်းအဝေးသို့  တင်သွင်းခဲ့သည်။
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့  အသေးများ
စုဖွဲ့ ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၄င်းကို ထပ်မံပြီး
သဘောတရားတူရာအလိုက် အုပ်စုဖွဲ့ လိုက်ရာ အုပ်စု(၃)စုရရှိပြီး ပိဋကတ်(၃)ပုံဟုခေါ် တွင်သည်။
၎င်းပိဋကတ်(၃)ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၂၁၀၀၀) ၊သုတ္တန်ပိဋကတ်တွင်ဓမ္မက္ခန္ဓာ(၂၁၀၀၀)
အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ(၄၂၀၀၀)ထည့်သွင်းကာ သဘောတူခဲ့ကြသည်။
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံး
တရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော
ရဟန္တာကြီးများ ဖြစ်ကြသည်။
ပထမအကြိမ်သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင်
ပိဋကတ်(၃)ပုံစတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး
ပြည့်စုံမှုဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်လည်းကောင်း ၊ပိုနေလို့ နုတ်ပယ်ရန်လည်းကောင်း)ကို စီစစ်
ခဲ့ကြရာ အားလုံးမှ ပြည်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ဘုရားရှင်၏ ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ပိုင်ခွင့်မရှိ
သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက်ကြပါစို့  ဟုသဘောတူညီမှုယူခဲ့ပြီး
ထေရဝါဒဗုဒ္ဓသာသနာဟု ခေါ်တွင်ခဲ့ပေသည်။
ရဟန္တာ(၅၀၀)သော သံဃာထုခေါင်းဆောင်ပြီး အဇာတသတ်မင်းပါသောမင်းထုနှင့် ဗုဒ္ဓသာသနာဝင်
အားလုံး ပြည်သူလူထုမှ ပစ္စယာနုဂ္ဂဟ အဖြစ်ပံ့ပိုးကူညီခဲ့ကြပါသည်။

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့်
အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စီစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (ဂ)လ
ကြာမြင့်ခဲ့သည်။
ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏
အကူအညီရယူပြီး ထု(၃)ထုပူးပေါင်းပြီး ရဟန်းပျက်များအား စီစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)
ကျော်အားနှင်ထုတ်ခဲ့ရသည်။
၎င်းရဟန်းပျက်(၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၄င်းတို့ သည် ဟိမဝန္တာတောင်ခြေ
ဖက်သို့ သွားရောက်ခဲ့ရာ ၄င်းနေရာရှိမင်းတစ်ပါးမှသနားပြီးခိုလှုံခွင့်ပေးလိုက်ရာမှ ၄င်းတို့ သည်လည်း
သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၄င်းတို့ မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု
ခေါ်ဆိုကြပြီး ဝေသာလီ၌ကျန်ရှိခဲ့ကြသော ရဟန္တာ(၇၀၀)ပါသောအဖွဲ့ အား ဟီနယာနဂိုဏ်း သေးငယ်
သောအဖွဲ့ ဟု ခေါ်တွင်ခဲ့ကြသည်။
သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု၊ မင်းထု၊ ပြည်သူလူထု
ထု(၃)ထု မှ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။

No comments: