Labels

Sunday, August 4, 2013

ပဉ္စမအကြိမ်, ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ခြင်း


သင်္ဂါယနာတင်ခြင်း
ပဉ္စမအကြိမ်
ဆဋ္ဌမအကြိမ်
အကြောင်းခံ
သာသနာနှစ်(၂၄၁၅)ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း(၂၀၀၀)ခန့် 
ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်
တို့ ကြောင့် ကြာရှည်ခံနိုင်မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့ အပေါ်
အကြောင်းပြု၍ တင်ခဲ့သည်။
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသောဘာသာဝင်တို့ ၏ သူ့ ကျွန်ဘ၀ရောက်ခဲ့ပြီး
နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ်(၂၄၉၈)နှစ်တွင် သင်္ဂါယနာ
တင်ခဲ့ရသည်။
သာသနာနှစ်
(၂၄၁၅)နှစ်
(၂၄၉၈)နှစ်
နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့  ရတနာပုံနေပြည်တော်
မြန်မာနိုင်ငံ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ
ခေါင်းဆောင်
အရှင်ဇာဂရမထေရ်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ
သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း(၂၄၀၀)
ရိုးရိုးရဟန်းပေါင်း(၂၅၀၀)
မင်း
မင်းတုန်းမင်း
ဖဆပလ ဦးနု အစိုးရ
ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ်(၅)လ(၃)ရက်
ကျောက်ထက်တင်(၇)နှစ် (၆)လ (၁၄)ရက်

ကြာမြင့်ချိန်
သာသနာနှစ်(၂၄၁၅)နှစ်ကြာသော် ပေရွက်ပေါ်တွင်တင်ထားသော ပိဋကတ်(၃)ပုံတို့ သည်
ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့ မူကွဲများ ဖြစ်ပေါ်
လာခြင်းတို့ ကြောင့် အရှင်ဇာဂရမထေရ် ဦးဆောင်သော ရဟန်း(၂၄၀၀)ပါဝင်သော
သံဃာထုသည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏မင်းထုနှင့် သာသနာဝင်များ
ပြည်သူလူထုစသော ထု(၃)ထုပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင်
သင်္ဂါယနာတင်ခဲ့ကြသည်။
နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅)လနှင့်(၃)ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို
ကမ္ဘာတည်သရွေှ့ ကြာရှည်မပျက်စီးရလေအောင် စကျင်ကျေက်ပြားပေါ်၌ ထွင်းထု ရေးသားခဲ့ရာ
စကျင်ကျောက်ဖြူအပြားပေါင်း(၇၂၉)ချပ်ရရှိ ခဲ့ပြီး အချိန်အားဖြင့် (၇)နှစ်(၆)လနှင့်(၁၄)ရက်ကြာမြင့်
ခဲ့ပြီး ယနေ့ တိုင် မန္တလေးလောကမာရဇိန်ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ်
(The World Biggest Book)ဟူသော အမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ဂုဏ်ဆောင်
မှတ်တိုင်ကြီးအဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး
သာသနာတော်လွန်စွာ ညှိုးနွမ်းလာခဲ့သည်။ သူ့ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့်
သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ
လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့်မင်းကွန်းဆရာတော် များဦးဆောင်သော
ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊
သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ဖဆပလဦးနု အစိုးရဦးဆောင်သော
မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်
ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန်
ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး
သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိ
လာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ်
လေ့လာနိုင်လာပြီး သာသနာတော်သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း
အထူးအရေးပါလှပေသည်။


No comments: