Labels

Thursday, December 13, 2012

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ


  •  ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ 
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
  • သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

  • ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ
 
  • ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီနော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်


  • သံဝေဇနိယ လေးဌာန
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ


  • သတ္တဌာန ခုနှစ်ပါး
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်


  • ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။


  • တရားဂုဏ်တော် ခြောက်ပါး
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။


  • သံဃာ့ဂုဏ်တော် ကိုးပါး
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။


  • အနှစ်သုံးပါး
၁။ ဒါန   ၂။ သီလ   ၃။ ဘာဝနာ

  • ပစ္စည်းလေးပါး
၁။ ဆွမ်း     ၂။ ဆေး      ၃။ သင်္ကန်း      ၄။ ကျောင်း

  •  ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း


  • ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း


  • ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။


  • သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။


  • တရားနာခြင်း၏ အကျိုး ငါးပါး
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။


  • မေတ္တာအကျိုး ၁၁ ပါး
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။


  • သည်းခံခြင်းအကျိုး ငါးမျိုး
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။


  • အပယ်လေးပါး
၁။ ငရဲ        ၂။ တိရိစ္ဆာန်       ၃။ ပြိတ္တာ     ၄။ အသူရကာယ်

  • ကပ်သုံးပါး
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်


  • ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။


  • ရန်သူမျိုး ငါးပါး
၁။ ရေ       ၂။ မီး      ၃။ မင်းဆိုး      ၄။ သူခိုး      ၅။ မချစ်မနှစ်သက်သောသူ

  • ၀ိပတ္တိတရား လေးပါး
၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း


  • ဗျသနတရား ငါးပါး
၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း


  • ကိလေသာ သုံးပါး
၁။ လေဘ       ၂။ ဒေါသ       ၃။ မောဟ

  • ကာလ သုံးပါး
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ


  • အဂတိတရား လေးပါး
၁။ ဆန္ဒ        ၂။ ဒေါသ       ၃။ ဘယာ       ၄။ မောဟ

  • မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း


  • သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း          ၂။ သေဆုံးခြင်း

  • ကံသုံးပါး
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း


  • အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ


  • ပိဋကတ် သုံးပုံ
၁။ သုတ္တန်        ၂။ ၀ိနည်း       ၃။ အဘိဓမ္မာ

  • စေတနာ သုံးတန်
၁။ ပုဗ္ဗ = ကြိုတင်စေတနာ 
၂။ မုဉ္စ = ပြုဆဲစေတနာ 
၃။ ပရ = ပြုပြီးစေတနာ


  • လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

  • လောက သုံးပါး
၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက


  • ဗြဟ္မစိုရ်တရား လေးပါး
၁။ မေတ္တာတရား       ၂။ ကရုဏာတရား       ၃။ မုဒိတာတရား      ၄။ ဥပက္ခာတရား

  • သမ္ပတ္တိတရား လေးပါး
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။


  • သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု


  • ခန္ဓာ ငါးပါး
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ

၅။ ၀ိညာဏက္ခန္ဓာ

  • သစ္စာ လေးပါး
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ 
၃။ နိရောဓသစ္စာ 
၎။ မဂ္ဂသစ္စာ

  • စေတီ လေးမျိုး
၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ 
၃။ ဥဒ္ဓိဿစေတီ 
၎။ ပရိဘောဂစေတီ

  • ဥပါယ်တံမျဉ် လေးမျိုး
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။


Ref:http://www.worldofwisdom.asia/2012/06/blog-post_28.html

Tuesday, December 11, 2012

ရာသီသွေးပေါ်ခြင်း

ရာသီတွေ ဘယ်လိုပြောင်းပြောင်း . . .


ဒီတစ်ပတ်ဖော်ပြပေးမယ့်အကြောင်းအရာကတော့ အမျိုးသမီးရယ်လို့ဖြစ်လာရင် မဖြစ်မနေ ကြုံတွေ့လာရမယ့် ရာသီသွေးပေါ်ခြင်း အကြောင်းပဲဖြစ်ပါတယ် ။ ကျန်းမာရေးစာပေတွေ ဖတ်တဲ့အမျိုးသမီးတွေ ကတော့ ရာသီလာ ခြင်းအကြောင်းကို
သိနိုင်ပေမယ့် စာဖတ်အားနည်းတဲ့အမျိုးသမီးတွေအတွက် မိမိ ခန္ဓာကိုယ်မှာ ဘာတွေဖြစ် ပျက်နေသလဲ ဆိုတာနဲ့ ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်နေသလဲဆိုတာ သိရှိနိုင်ရန်ရည်ရွယ်ပါတယ် ။ တ ကယ်တော့ ရာသီလာခြင်း ဆိုတာကို အင်္ဂလိပ်လို အရတော့ Menstruation (မန်စရေးရှင်း) လို့ခေါ်ပါတယ် ။ ရာသီသွေး ဆင်းတယ်ဆိုတာဟာ သားအိမ်ရဲ့ Lining အတွင်းပိုင်းနံရံကနေ သွေးတွေ ယိုစီးကျ လာခြင်း ( shedding ) ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ မျိုးပွားနိုင်တဲ့အသက်အရွယ်မှာရှိတဲ့အမျိုးသမီးတိုင်းမှာ ပုံမှန်ကြုံတွေ့ ရမယ့် အခြေ အနေတစ်ခုဖြစ်ပါတယ် ။ ပုံမှန်ရာသီသွေးဆင်းခြင်းကို နောက်တစ်မျိုး Eumenorrhea လို့ လည်းခေါ် ပါတယ် ။ ပုံမှန်အားဖြင့်တော့ချုံကြည့်လိုက်မယ်ဆိုရင် ၃ ရက်နေ ၅ ရက်လောက်အထိကြာလေ့ရှိပြီး တချို့ဆိုရင်တော့ ၂ ရက်ကနေ ၈ ရက်အတွင်းကိုလည်း ပုံမှန် ရာသီပေါ်တယ်လို့ စဉ်းစားကြပါတယ် ။ ပုံမှန်အား ဖြင့် ပထမဆုံးရာသီသွေးစဆင်းတဲ့အချိန်ကနေစပြီး နောက်ထပ် ရာသီသွေးဆင်းတဲ့ ပထမရက် အထိ cycle တစ်ခု ကို ၂၈ ရက်ကြာမြင့်ပါတယ် ။ ဒါပေမယ့်လည်း ယေဘူယျအားဖြင့်တော့ Menstrual periods ကို ၂၁ ရက်မှ ၃၅ ရက်အတွင်းကြုံရလေ့ရှိပါတယ် ။

လစဉ်ရာသီသွေးဆင်းနေစဉ်အချိန်မှာ ကြုံရတဲ့ သွေးဆုံးရှုံးခြင်းဟာ ယေဘူယျအားဖြင့် 35 mililiters ( လက်ဖက် ရည်ဇွန်း လေးဇွန်းမှ ခြောက်ဇွန်းအထိ) ရှိပြီး ၁၀ မီလီလီတာမှ ၈၀ မီလီလီတာ အတွင်းကိုတော့ ပုံမှန်အ ဖြစ် သတ်မှတ်ကြပါတယ် ။ လူအများစုဟာ ရာသီသွေးအဖြစ် ခေါ်ဆိုကြတဲ့အတွက် Menstrual fluid ဆိုတာဟာ Menstrual flow ကို ခေါ်ဆိုခြင်းပဲဖြစ်ပါတယ် ။ ရာသီသွေးဆင်းတဲ့အခါမှာ တကယ်တော့ ပါဝင်တာတွေကတော့ သားအိမ်ခေါင်းမှ အချွဲရည်များ ၊ သွေးအချို့ ၊ မိန်းမကိုယ်မှ ထွက်သောအရည်များ နဲ့သား အိမ် တစ်ရှူးစလေတွေးပါဝင်ပါတယ် ။ ရာသီသွေးဟာ နီညိုရောင် အဆင်း ရှိပြီး သွေး ထက်စာရင် ပိုပြီးနက်မှောင်ပါတယ် ။ အမျိုးသမီးအတော်များများဟာ သွေးပေါ်နေစဉ်အတွင်းမှာ သားအိမ်ရဲ့အ တွင်းနံရံ ကနေ သွေးတွေကွာကျစီးဆင်းနေတာကို သတိထားမိတတ်ကြပါတယ် ။ သားအိမ်အတွင်း နံရံကနေ ကွာကြ တဲ့အ ရည်တွေမှာ တကယ်တော့ သွေးတွေနဲ့ ရောနှောနေတဲ့ တစ်ရှူးစလေးတွေပါဝင်ပါတယ် ။ ဒီလို တစ်ရှူး စလေးတွေကို သွေးခဲများ ( Menstrual clots) လို့ခေါ်ကြပါတယ် ။ ဆိုလိုတာ က သွေးခဲ ချည်းပဲသီးသန့်မဟုတ်ပဲ သားအိမ်အတွင်း နံရံ ရဲ့ အစိတ်အပိုင်းများပါ ပါဝင်တယ် လို့ ပြောလိုခြင်းဖြစ်ပါတယ် ။ အထူးသဖြင့် ဒီလို သွေးခဲတွေ ဆင်းတတ်တဲ့အခြေအနေမျိုးဟာ သာမန် သွေးဆင်း တဲ့အမျိုးသ မီးတွေထက် သွေးအများကြီးဆင်းတတ်တဲ့အမျိုးသမီးတွေမှာ ကြုံရလေ့ရှိပါတယ် ။

တခါတရံမှာ ဒါကို ကိုယ်ဝန်ပျက်ကျတာနဲ့မှားယွင်းပြီးတွေးတတ်ကြပါသေးတယ် ။ သားအိမ်အတွင်းနံရံထဲမှာ Plasmin လို့ခေါ်တဲ့အင်ဇိုင်းတစ်မျိုးရှိပါတယ် ။ အဲဒီအင်ဇိုင်းဟာ သွေးကို မခဲ အောင် ကာကွယ်ပေးပါတယ် ။ ဒီလိုသွေးဆုံးရှုံးမှုတွေကြောင့် သွေးမဆုံးခင်အမျိုးသမီးများ Premenopausal မှာ သံဓါတ်ချို့ တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းခြင်းကို ကာကွယ်ဖို့အတွက် သံဓါတ်များများ ပါတဲ့အစားအသောက် များစားဖို့ လိုအပ်ပါ တယ် ။ ရာသီပျိုဖော်ဝင်ကာစ ပထမဆုံးရာသီသွေးစဆင်းတဲ့အချိန်ကာလကိုတော့ မန်နာခီ ( Menarche) လို့ခေါ် ပါတယ် ။ မန်နာခီ လို့ခေါ်တဲ့ပျိုဖော်ဝင်စအချိန် ရာသီသွေးစဆင်းတဲ့အချိန်ဟာ အသက် ၁၀ နှစ် မှ ၁၇ နှစ်အတွင်းမှာ ကြုံရလေ့ရှိပါတယ် ။ အချိန်မတိုင်ခင် သွေးဆုံးခြင်းကတော့ အမျိုးသမီးတစ်ဦးဟာ မျိုးပွားနိုင် မှု Fertility စွမ်းရည် ကျဆင်းနေမယ် နောက်ပြီး သွေးပေါ်တာကလည်း မမှန်ဘူးဆို ရင်တော့ သွေး တဲ့အချိန်အထိကို Perimenopause ကို ကြုံရနိုင်ပါတယ် ။ မန်နိုပေါ့စ် ( Menopause) ဆို ကတော့ သွေး ဆင်းခြင်းဟာ လုံးဝ ရပ်သွားခြင်းကို ဆိုလိုပြီး အဲဒီသွေးဆုံးချိန်မှာတော့အမျိုးသမီးတစ်ဦးဟာ မျိုးပွားခြင်းကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့ပါဘူး ။ သွေးဆုံးခြင်းကိုတော့ အသက် ၄၀ နဲ့ ၅၀ အတွင်းမှာ ယေဘူယျ ကြုံတွေ့ရလေ့ရှိပါတယ် ။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

အမျိုးသမီးအများစုဟာ သွေးဆင်းနေစဉ်ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအမျိုးမျိုးအပြင် ဟော်မုန်း level အတက်အ ကျကို ဖြစ်ပေါ်စေတာတွေ့ရပါတယ် ။ ကြွက်သားများ ကျုံ့ခြင်း ( Menstrual cramping ) မှာ ရာသီသွေးရှေ့စောေ ပ်ါခြင်းသို့မဟုတ် ရာသီသွေးပေါ်လာခြင်း စတဲ့အခြေအနေတွေ ပါဝင်ပတ် သတ်လေ့ရှိပါတယ် ။ ဒါကြောင့်သွေးဆင်းနေချိန်မှာ သားအိမ်ကိုက်ခဲခြင်းတွေ ကြုံတွေ့ရတာဖြစ်ပါတယ် ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေဟာ ဆီးအိမ်တင်းလာမယ် လိင်အာရုံခံစား မှုပြောင်းလဲလာ မယ် မောပန်းနွမ်း နယ်ခြင်း ၊ ရင်သားများတင်း၍ နာကျင်လာခြင်း နဲ့ ပျို့ခြင်း တို့ကို ခံစားရပါတယ် ။ ရင်သား တင်းလာခြင်းနဲ့ မသက်မသာ ဖြစ်ရခြင်းဟာ တကယ်တော့ Premenstrual water retention ကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ် ။ သတိထား ကြည့်မယ်ဆိုရင်တော့ သွေးဆင်းနေတဲ့အမျိုးသမီးအနည်းစုဟာ အစားအသောက်ကို ပြည့် တင်းအောင်သောက်ကြတာကိုတွေ့ရပါတယ် ။ အချို့သော အမျိုးသမီးတွေ မှာတော့ သွေးဆင်းနေ ချိန်မှာ ရုပ်ပိုင်း ဆိုင်ရာပြောင်းလဲမှု အနည်းငယ်ကိုသာ ကြုံရလေ့ရှိပါတယ် ။ ဒါပေမယ့်လည်း အဟာရပြည့် ၀သော အစားအသောက်များ စားသုံးခြင်း ၊ အငံဓါတ်ကိုေ လျာ့ခြင်း ၊ ကော်ဖီနဲ့အရက်ကို လျော့ခြင်း နဲ့ လေ့ ကျင့်ခန်းမှန် မှန်ပြုလုပ်ခြင်းတို့ဟာ ဒီလို ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို ကောင်းကောင်းပြီး ထိမ်းချုပ်ပေးနိုင်ပါတယ် ။ အမျိုးသမီးတစ်ဦးနဲ့တစ်ဦးကတော့ cycle တစ်ခုနဲ့တစ်ခု မတူတာနဲ့အမျှ အထက်ပါ လက္ခာတွေကြုံရတဲ့ အခြေအနေဟာလည်း ကွဲပြားခြားနားလေ့ရှိပါတယ် ။

သွေးဆင်းချိန်သားအိမ်နာကျင်ခြင်း ( Painful menstrual cramps)


အမျိုးသမီးအများစုဟာ ရာသီသွေးဆင်းနေစဉ်မှာ သားအိမ်နာခြင်း သားအိမ်ကိုက်ခြင်းကို ကြုံတွေ့ ရလေ့ရှိပါတယ် ။ သားအိမ်မှာရှိတဲ့ကြွက်သားတွေရယ် သားအိမ်ကို ၀ိုင်းရံထားတဲ့ ၀မ်းဗိုက်အတွင်းက ကြွက်သားတွေဟာ ရာသီသွေးကို သားအိမ်ကနေ အပြင်ထွက်အောင် တွန်းထုတ်ဖို့အတွက် ဆွဲဆုပ်ထားသလို ညှစ်ရ တဲ့အတွက် ဒီလို နာကျင်ရခြင်းဖြစ်ပါတယ် ။ ဒီလို သားအိမ်ကြွက်သားတွေကျုံ့ဖို့အတွက်ကိုတော့ သားအိမ် ကို ကာရံထားတဲ့ တစ်ရှူးတွေကနေလုပ်ဆောင်ပြီး ဒီလိုအချိန်မှာ ပိုလျှံနေတဲ့ fatty acids တွေဖြစ်တဲ့ Prostaglandins တွေက ကြွက်သားတွေကို သွားရောက်လှုံ့ဆော်ပြီး Contraction ကိုဖြစ်စေပါတယ် ။ ဒါကိုတော့ မူလသွေး ဆင်းစဉ်နာကျင်ခြင်း Primary dysmenorrhea လို့ခေါ်ပါတယ် ။ Primary dysmenorrhea ဟာ Menarche လာပြီး တစ်နှစ်သို့မဟုတ် နှစ်နှစ်အတွင်းမှာ စတင်လေ့ရှိပါတယ် ။ သွေးဆုံး တဲ့အ ချိန်ထိ ကြုံရလေ့ရှိပြီး အမျိုးသမီးအများစုကတော့ ဒီလို dysmenorrhea ရဲ့လက္ခဏာတွေဟာ သူတို့အသက် ၂၀ လောက်အရွယ်မှာ လျော့နည်းသွား ၊ သက်သာသွားတာကိုတွေ့ရပါတယ် ။ အကယ်၍ ဒီလို နာကျင်ခြင်းဟာ သွေးဆင်းစဉ်ကာလ Menstrual periods ကြားကာလများအတွင်းမှာ ကြုံရမယ်ဆိုခြင်း သို့မဟုတ် သွေးဆင်းပြီး ရက်အနည်းငယ်လောက်ထိ ဆက်ပြီး နာကျင်နေမယဆိုရင်တော့ ဒါကို Secondary dysmenorrhea လို့ခေါ်ပါတယ် ။

Dysmenorrhea ရဲ့လက္ခဏာတွေဟာ တချို့သောအမျိုးသမီးတွေမှာ အလွန်အမင်းဆိုးရွား အားအင်ကုန်ခမ်း သွားစေတာ ကိုတွေ့ရပါတယ် ။ ဒါဟာ တချို့တွေမှာ ဖြစ်ပြီးတ ချို့တွေမှာ တော့ဘာ လို့မဖြစ်ရသလဲ ဆိုတာ ကိုတော့ တိတိကျကျ မသိရပါဘူး ။ ပြင်းထန်တဲ့ လက္ခဏာတွေကတော့ ဒီလိုသားအိမ်ကိုက်ခဲမှုဟာ တင်ပဆုံရိုး ၊ ကျောရိုးအောက်ဖက် နဲ့ပေါင်တွေအထိပါ ပျံ့နှံ့သွားလေ့ရှိပြီး ပျို့ခြင်း မကြာခဏ ၀မ်းသွားခြင်း နဲ့ ၀မ်းချုပ်ခြင်းစ တာတွေကို ကြုံတွေ့ရနိုင်ပါတယ် ။ ကုသမှုတွေကတော့ Prostaglandin ကိုပစ် မှတ်ထား ဦးတည်ပြီး anit- prostaglandin သို့မဟုတ် သန္ဓေတားဆေး OC pills တွေနဲ့ ကုသနိုင်ပါတယ် ။ အကိုက်အ ခဲပျောက်ဆေးတချို့ဖြစ်တဲ့ Ibuprofne , naproxen , mefenamic acid စသည်တို့ဟာ ဒီလို လက္ခဏာတွေ ကို ပျောက် ကင်းစေနိုင်ပါတယ် ။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့အတွက် ဆရာဝန်ညွှန် ကြားမှုနဲ့သောက် သုံးဖို့လိုသလို အစာအိမ်အနာ ရောဂါရှိရင်တော့ မသောက်သုံးသင့်ပါဘူး ။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

အချို့သောအမျိုးသမီးတွေဟာ သွေးဆင်းနေစဉ်ကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ကြုံတွေ့ ရလေ့ရှိပါတယ် ။ လက္ခဏာတွေကတော့ ဂဏာမငြိမ်ဖြစ်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း စတာတွေဖြစ်ပြီး စိတ်ပိုင်း ဆိုင်ရာ ခံစားမှု အနိမ့်အမြင့် အတက်အကျကိုဖြစ်စေတတ်ပါတယ် ။ ဒီလို သွေးဆင်းစဉ်ကြုံရတဲ့ လက္ခဏာတွေ Premenstual Symptoms ( PMS) ဟာ ၃% ကနေ ၃၀% အထိ ဖြစ်တာကိုတွေ့ရပါတယ် ။ စိုးရိမ်ပူပန်သော ကများခြင်း နဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေဟာလည်း PMS ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ် ။ တချို့ ( ရှားတော့ရှား ပါတယ်) သောအမျိုးသမီးတွေကတော့ စိတ်ရောဂါ ဆိုင်ရာအခြေအနေ ( Psychotic episodes) တွေကြုံလေ့ ရှိပြီး သွေးဆင်းခြင်းဟာ အဲဒီအချိန်မှာ သူတို့စိတ်ရောဂါ ( menstrual pyschosis) ကို ပိုပြီးဆိုးရွား သွားစေပါတယ် ။ Premenstrual syndrome မှာ သားအိမ်ကိုက်ခြင်းသာမကပဲ ခေါင်းတစ်ခြမ်းကိုက်ခြင်း နဲ့ အလွန်အမင်း စိတ်ဓါတ်ကျဆင်းခြင်းတွေပါပါဝင်ပါတယ် ။ ဒီလို သားအိမ်ကိုက်ခြင်းဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ( လေ့လာမှုတစ်ခုမှာဆိုရင် အမျိုးသမီး ၆၇.၂% မှာတွေ့ရလေ့ရှိပြီး အသက် ၁၃နှစ်ကနေ ၁၉ နှစ်အ တွင်းမှာ ကြုံရလေ့ရှိ ) မှာပိုပြီး အဖြစ်များတာကိုတွေ့ရပါတယ် ။ ဒီလို လက္ခဏာတွေ ပိုပိုပြီးဆိုးရွားလာခြင်းကိုတော့ Premenstural Dysphoric Disorder ( PMDD) လို့ခေါ်ပါတယ် ။

ရာသီသွေးဆင်းခြင်းမှုမမှန်မှုများ

သွေးဆင်းခြင်းမှုမမှန်မှုများဟာ တကယ်တော့  ကျယ်ပြန့်လွန်းလှပါတယ် ။ တချို့တွေမှာ ဆိုးရွားစွာေ ပြာင်းလဲ မှုတွေ ကြုံရပေမယ့်တချို့တွေကတော့ မသိလိုက်မသိဖာသာပဲ ကျော်ဖြတ်သွားတာတွေလည်းရှိပါတယ် ။ အကယ်၍ အောက်မှာ ဖော်ပြထားတဲ့ အရာတွေထဲက တစ်ခုခုကို ဆိုးရွားပြင်းထန်စွာ ကြုံနေရပြီဆိုရင်တော့ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ရှာဖွေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြသရမှာဖြစ်ပါတယ် ။

- သွေးဆင်းကြာချိန် (Periods) မမှန်ခြင်း = Oligomenorrhea
- သွေးနည်းငယ်သာဆင်းခြင်း သွေးဆင်းကြာချိန် တိုခြင်း = Hypomenorrhea
- သွေးခဏခဏဆင်းခြင်း သွေးဆင်းကြာချိန် မြန်ခြင်း ( ၂၁ ရက်တစ်ကြိမ်လောက်သွေးဆင်းခြင်း ) = Hypermenorrhea
- သွေးဆင်းချိန် အလွန်အမင်းကိုက်ခဲနာကျင်ခြင်း = Dysmeorrhea
- အနည်းငယ် အစက်အပျောက်လောက်သောဆင်းခြင်း အထူးသဖြင့် Period နှစ်ခုကြားတွင်တွေ့ရခြင်း ( အမျိုးသမီးအများစုမှာ ဒါဟာပုံမှန်ဖြစ်နိုင်) = Metrorrhagia
- လုံးဝ ရာသီသွေးမပေါ်ခြင်း = Ameorrhea

DUB အကြောင်းသိကောင်းစရာ

ဒီယူးဘီဆိုတာဟာ Dysfunctional Uterine Bleeding ကို ခေါ်ဆို ခြင်းဖြစ်ပြီး ဟော် မုန်းတွေကြောင့် သွေး ဆင်းခြင်းမူမမှန်ခြင်းကို ဆိုလိုပါတယ် ။ အထူးသဖြင့် DUB ကို သွေးဆုံးခါနီး အမျိုးသ မီးတွေမှာ မျိုးဥပုံမှန် မကြွေတဲ့အခါမျိုး(anovulatory) မှာ တွေ့ရလေ့ရှိပါတယ် ။ ဒီလို သွေးဆင်းမူမမှန်ခြင်းအားလုံးဟာ ဆရာဝန်နဲ့ ပြသဖို့လို အပ်ပြီး ဟော်မုန်း မညီမျှခြင်း ၊ သားအိမ်အတွင်း အလုံးအခဲများဖြစ်ခြင်း နဲ့ တခြားအကြောင်း အချက်များ စွာကြောင့်ဖြစ်နိုင်ပါတယ် ။ အကယ်၍ ကိုယ်ဝန်ဆောင်ချိန်သွေးဆင်းတယ်ဆိုရင်လည်း ဆရာဝန်နဲ့ပြ သဖို့လိုအပ်ပါတယ် ။ မျိုးပွားနိုင်တဲ့အရွယ် မှာ သွေးဆင်းခြင်းဟာ ပုံမှန် လာရမယ့်အချိန်မှာ မလာသေးဘူး ဆိုရင်တော့ အမျိုးသားနဲ့လည်းအတူနေမိတယ်ဆိုရင်တော့ (အကာအကွယ်သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ) ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့လိုအပ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကိုယ်ဝန်တားဆေးတွေနဲ့တကွ မည်သည့် အကာအကွယ်သုံးခြင်းမှာမဆို ကိုယ်ဝန်ရှိသွားနိုင်ခြင်း Failure rate ဆိုတာ ရှိနေတဲ့အတွက်ဖြစ်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Menstruation

သက်တန့်ချို

ဘာကြောင့် ရာသီသွေး ထိမ်ရသလဲ

Ref:Health Articles on Monday, October 29, 2012 at 2:52pm ·



ရာသီမလာဘဲ ရာသီသွေး ထိမ်နေတာကို ဆေးပညာအရ Amenorrhea လို့ ခေါ်ပါတယ်။  ဒီအခြေအနေက နှစ်မျိုးရှိပါတယ်။ ပထမ အကြောင်းရင်းက အပျိုဖော်ဝင်တဲ့တိုင်အောင် ရာသီသွေး မလာသေးတဲ့ အခြေအနေဖြစ်ပြီး အဲဒါက Primary Amenorrhoea လို့ ခေါ်ပါတယ်။ ဒုတိယ အကြောင်းရင်းကတော့ အစပိုင်းမှာ ရာသီသွေးမှန်မှန် လာနေပြီးမှ ထိမ်သွားတဲ့ အခြေအနေဖြစ်ပြီး ဒါကို Secondary Amenorrhoea လို့ ခေါ်ပါတယ်။

အပျိုဖော်ဝင်သည့်တိုင်အောင် ရာသီသွေးမလာသော Primary Amenorrhoea

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေအနေနဲ့ ရာသီသွေး စတင်မပေါ်တဲ့အခြေအနေကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် အသက် ၈-၁၆ နှစ်အရွယ်ကြားမှာ ရာသီစလာရမှာ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကို ရောက်တဲ့အထိ ရာသီစတင် မလာသေးဘူးဆိုရင် တခြားစမ်းသပ်မှုတွေ လုပ်ဖို့ရာအတွက် ဆရာဝန်နဲ့ သွားပြသင့်နေပါပြီ။ ဒါ့အပြင် အသက် ၁၄ နှစ်အရွယ် ရောက်တဲ့အထိ မိန်းကလေးတွေက ရင်သားကြီးထွားမှု၊ လိင်အင်္ဂါ အမွေးပေါက်မှု စတာတွေ မဖွံ့ဖြိုးသေးရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ရာသီသွေး စတင်မလာသေးရင် ကိုယ်ဝန်မရနိုင်ဘူးလို့ မိန်းကလေး အများစုက ယုံကြည်ကြပါတယ်။ ဒါက မမှန်ပါဘူး။ တကယ်လို့ ပထမဆုံး သားဥကြွေနေချိန်မှာ (ရာသီမလာသေးပေမယ့်) အမျိုးသားတစ်ဦးနဲ့ လိင်ဆက်ဆံမှုရှိရင် ပထမဆုံး ရာသီမလာခင်မှာ ကိုယ်ဝန် ရနိုင်ပါတယ်။

ပီကျူထရီဂလင်းရောဂါများ

ပီကျူထရီဂလင်းဟာ ဟော်မုန်းထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး ဒီဟော်မုန်းတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို ပေးပါတယ်။ ဒီဂလင်းရဲ့ လုပ်ဆောင်မှု တစ်ခုခုနဲ့ ဟော်မုန်းထုတ်လုပ်မှု မှားရင် ခန္ဓာကိုယ်က ရာသီသွေး စတင်ဆင်းဖို့အတွက် မှန်ကန်တဲ့ ညွှန်ကြားချက်ကို လက်ခံမရရှိတတ်ပါဘူး။

မျိုးဗီဇဆိုင်ရာ အခြေအနေများ

တားနားရောဂါစုဖြစ်ရင် မိန်းကလေးဟာ X ခရိုမိုဆုမ်းတစ်ခု ချို့တဲ့နေနိုင်ပါတယ်။ ဒါကြောင့် သားဥအိမ်မှာ အမာရွတ်တစ်သျှူး ဖြစ်ပေါ်နေနိုင်ပါတယ်။ အဲဒီအခါ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှု မလုံလောက်တော့ဘဲ ရာသီသွေးဆင်းမှု အဟန့်အတား ဖြစ်နိုင်ပါတယ်။ တားနားရောဂါစုရှိတဲ့ မိန်းကလေးတွေက လိင်အင်္ဂါနဲ့ ရင်သားတွေ အပြည့်အဝ ဖွံ့ဖြိုးမှု မရှိတတ်ပါဘူး။

Gonadal Dysgenesis

မိန်းကလေးတစ်ဦး ရာသီစတင်မလာတဲ့ အဖြစ်များဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် ရာသီစတင်မလာခင်မှာ အချိန်မတိုင်ခင် သားဥဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။

သားဥအိမ်တွင် သားဥမကြွေနိုင်ဘဲ ရေအိတ်ငယ်များ ဖြစ်တည်လာသော ဟော်မုန်းဆိုင်ရာ ရောဂါစု (Polycystic Ovarian Syndrome)

သားဥအိမ်တွေထဲမှာ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ အခြေအနေပါ။ ဒီအခြေအနေမှာ သားဥကြွေတာကို ဟန့်တားနိုင်သလို ပုံမမှန်တဲ့ သားဥကြွေတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

အစားအသောက်ပျက်ခြင်းနှင့် အစားလျှော့လွန်ခြင်း

အစားအသောက် အလျှော့လွန်သူ ဒါမှမဟုတ် အစားအသောက်ပျက်တဲ့ မိန်းကလေးတွေဟာ ရာသီသွေး စတင်မလာတတ်ပါဘူး။ အကြောင်းကတော့ ခန္ဓာကိုယ်အတွက် အာဟာရ အလုံအလောက် မရရှိလို့ပါ။ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းတာနဲ့ အာဟာရဓာတ် ချို့တဲ့တာကြောင့် ဟော်မုန်းတွေကို ထိခိုက်စေနိုင်ကာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလွန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာကြောင့် ရာသီလာချိန်ကို ဟန့်တားစေနိုင်ပါတယ်။

အစပထမ ရာသီသွေးလာပြီးမှ ရာသီသွေးထိမ်ခြင်း (Secondary Amenorrhea)

မိန်းကလေးတစ်ဦးက ပုံမှန်အတိုင်း အပျိုဖော်ဝင်ပြီး ရာသီသွေးလာနေရင်းကနေ ရာသီသွေး ထိမ်သွားတဲ့ အခြေအနေကို Secondary Amenorrhea လို့ခေါ်ပါတယ်။ ဒီအခြေအနေ ဖြစ်ရတဲ့ အကြောင်းရင်းတွေက အမျိုးမျိုးပါပဲ။ ဥပမာတွေကတော့-

အပြင်းအထန် နာမကျန်းမှုဖြစ်ခြင်း သို့မဟုတ် ဆေးဝါး သောက်သုံးရခြင်း

အပြင်းအထန် နာမကျန်းမှု ဖြစ်တာကြောင့် ရာသီသွေးဆင်းမှု ရပ်တန့်နိုင်သလို ဆေးဝါးတချို့ကြောင့်လည်း ရာသီသွေး ထိမ်တတ်ပါတယ်။

လေ့ကျင့်ခန်း အလွန်အကြူးလုပ်ခြင်း

လေ့ကျင့်ခန်းက ကျန်းမာရေးအတွက် ကောင်းပေမယ့် လေ့ကျင့်ခန်းကို အလွန်အကျွံ လုပ်တာကြောင့် ဟော်မုန်းအဆင့်ကို ရုတ်တရက် အပြောင်းအလဲ ဖြစ်စေနိုင်ကာ ရာသီစက်ဝန်းကို ရပ်တန့်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်က ရုတ်တရက် ကျသွားရင် ဒါမှမဟုတ် ရုတ်တရက် မြင့်တက်လာရင် ရာသီသွေး ထိမ်တတ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

မိသားစုဝင်တစ်ဦးဦး သေဆုံးတာ၊ ထိခိုက်ဒဏ်ရာ အကြီးအကျယ်ရတာနဲ့ လင်မယားကွဲကွာတာတို့လို အကြောင်းရင်းတွေကြောင့် ရာသီစက်ဝန်း ရပ်တန့်စေနိုင်ပါတယ်။ အိမ်ပြောင်းရတာနဲ့ မင်္ဂလာဆောင်တာတို့လို အသေးအမွှား အဖြစ်အပျက်တွေ ကြုံရရင်တောင် ရာသီစက်ဝန်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အကျိတ်များ

အကျိတ်တွေကြောင့် ပရိုလက်တင်ခေါ်တဲ့ မိခင်နို့ချို အထွက်များစေတဲ့ ဟော်မုန်းအထွက်များစေပြီး ရာသီသွေး ထိမ်တတ်ပါတယ်။

သိုင်းရွိုက်ရောဂါဝေဒနာများ

သိုင်းရွိုက်ရောဂါ ဝေဒနာတွေကြောင့် ဟော်မုန်းပြဿနာ ဖြစ်စေကာ ရာသီသွေး ထိမ်တတ်ပါတယ်။

သန္ဓေတားဆေးများ

ရုတ်တရက် သန္ဓေတားဆေး မှီဝဲမှုကို ရပ်တန့်လိုက်တာကြောင့် သုံးလနဲ့ အထက်ကြာတဲ့အထိ ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။ သုံးလကျော်လို့မှ ရာသီမလာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အချိန်မတိုင်ခင် သားဥဆုံးရှုံးခြင်း

အသက် ၄၀ မတိုင်ခင် အစောပိုင်းအချိန်မှာ သွေးဆုံးတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် အရွယ်တွေမှာတောင် တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။ သားဥဟာ လုပ်ငန်းဆောင်တာတွေ ရပ်တန့်လိုက်တာကြောင့် သားဥမကြွေတော့ဘဲ ရာသီသွေး ထိမ်သွားပါတော့တယ်။

မိခင်နို့ချို တိုက်ကျွေးခြင်း

မိခင်နို့ချို တိုက်ကျွေးတာကြောင့် ရာသီသွေးမလာအောင် ဟန့်တားတတ်ပါတယ်။ မိခင်နို့ချို တိုက်ကျွေးမှုကို ရပ်လိုက်ပြီဆိုတာနဲ့ ရာသီပြန်လာနိုင်ပါတယ်။ ဒါက ပုံမှန်ပဲ ဖြစ်ပါတယ်။   

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)Ref: By Good Health Originally posted on Yatanarpon/good health/article-70141



Monday, December 10, 2012

အပါယ်လေးပါး,ကပ်သုံးပါး, ရပ်ပြစ်ရှစ်ပါး ,

အပါယ်လေးပါး -
ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်

ကပ်သုံးပါး -
သတ္တန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခ န္တရကပ်

ရပ်ပြစ်ရှစ်ပါး (အပြစ်ရှိသောအရပ်) -
ဘုရားပွင့်နေတဲ့အခါ
၁. ငရဲ၊
၂. တိရိစ္ဆာန်၊

၃. ပြိတ္တာ အပါယ်လေးဘုံမှာ ဖြစ်နေခြင်း။
၎. ဘုရားပွင့်တဲ့အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်တဲ့ အသညသတ်ဗြဟ္မာ နဲ့ အရူပဗြဟ္မာ ဖြစ်နေခြင်း။
၅. ဘုရားရှင်နဲ့ ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား ပစ္စန္တရစ် အရပ်မှာ ရောက်နေခြင်း။
၆. ဘုရားပွင့်ဆဲအခါ မိစ္ဆာ ဒိဌိဥာဏ်ရှိသူ ဖြစ်ခြင်း။
၇. ဘုရားပွင့်ဆဲအခါ တရားကို နားလည်လောက်တဲ့ ဥာဏ်မရှိခြင်း။
၈. တတ်သိနားလည်လောက်တဲ့ ဥာဏ်ရှိပေမဲ့ ဘုရားမပွင့်တဲ့အခါ လူဖြစ်နေခြင်း။

ရန်သူမျိုးငါးပါး-
ရေ၊ မီး၊ မင်း၊ ခိုးသူ၊ ရန်သူ (မချစ်မနှစ်သက်သောသူ၊ အမွေခံ သားဆိုး သမီးဆိုး)

ဝိပတ္တိ(ဖောက်ပြန်ချွတ်ယွင်းခြင်း) တရားလေးပါး-
၁. သီလ ၀ိပတ္တိ (သီလ အကြီးစား ပျက်စီးခြင်း)
၂. အစာရ ၀ိပတ္တိ (သီလ အငယ်စား ပျက်စီးခြင်း)
၃. အာဇီဝ ၀ိပတ္တိ (အသက်မွေးမှု မစင်ကြယ်ခြင်း)
၎. ဒိဌိ ၀ိပတ္တိ (အယူမမှန်ခြင်း)

ဗျသန (ပျက်ဆီးခြင်း ဆုံးပါးခြင်း) တရားငါးပါး -
၁. ညာတိ ဗျသန - ဆွေမျိုးတို့ ပျက်ဆီးခြင်း
၂. ရောဂ ဗျသန - အနာရောဂါဖြစ်ခြင်း
၃. ဒိဌိ ဗျသန - အယူပျက်ဆီးခြင်း
၎. ဘောဂ ဗျသန- စည်းစိမ် ဥစ္စာ ပျက်ဆီးခြင်း
၅. သီလ ဗျသန- သီလ ပျက်စီးခြင်း

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သောတာပန်ဖြစ်ဖို့ နှစ်ချက်

Reference from
Ye Win Tun on Tuesday, December 4, 2012 at 12:27pm 





မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သောတာပန်ဖြစ်ဖို့ နှစ်ချက် (ဝေဒနာနုပဿနာရှုနည်း) အပိုင်း (၁)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
သောတာပန်ဖြစ်ဖို့ နှစ်ချက်  (ဝေဒနာနုပဿနာရှုနည်း)
[ သစ္စာ(၄)ပါး တရားတော် အမှတ်စဉ် (၂၉) မှ ထုတ်နှုတ်ပါသည် ]

                                                                            အပိုင်း (၁)

                  သောတာပန်ဆိုတဲ့ ဥစ္စာ ဘာတုံးလို့ မေးလို့ရှိရင်ဖြင့် မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်တာ ကို သောတာပန်လို့ ဆိုသည်။
                 သောတာပန်ဆိုတာ မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိ ဖြစ်ရင် သောတာပန်ပဲလို့ မှတ်ထားရမယ် . . .(မှန်ပါ့)။
                 သောတာပန်ဆိုတာဘာပါလိမ့် . . .(မှန်မှန်ကန်ကန် သမ္မာဒိဋ္ဌိဖြစ်တာပါဘုရား) အဲဒါ ဘုန်းကြီးတို့ ဒကာဒကာမတွေ ကို ရဟန္တာနှစ်ပါး သူတို့ မေးကြမြန်းကြတော့ သူတို့ကိုယ်တိုင်လဲ ရှင်သာရိပုတ္တရာကလဲ ရဟန္တာကြီး၊ ရှင်ကောဋ္ဌိက, ကလဲ ရဟန္တာကြီး၊ ရှင်ကောဓိက ရဟန္တာ ဖြစ်ငြားသော်လဲ ရှင်သာရိပုတ္တရာကို မေးလိုက်တယ်၊ အရှင်ဘုရား . . . သောတာပန် စပြီသကာလတည်ချင်လို့ သောတာပန်ဆိုတာ သမ္မာဒိဋ္ဌိ မှန်မှန်ကန်ကန် ဖြစ်ဖို့ရာ သောတာပန် တည်ချင်လို့ရှိရင်ဖြင့် သောတာပန်ဖြစ်ဖို့ရာ အင်္ဂါဘယ်နှစ်ပါး လိုပါသလဲလို့ ဆိုတာ ရှင်ကောဋ္ဌိက, က မေးတယ်၊ မေးသာမေးတယ်၊ မောင်နိုင်တို့ ကိုဝတို့ ကိုစံလှ တို့ မှတ်ရမှာက သိပြီးသားကို မေးတယ်လို့ မှတ်ပါ . . .(မှန်ပါ့)။
                သူကိုယ်တိုင် ရဟန္တာကြီး ဖြစ်ပြီးသကာလ လာခဲ့တယ်။ အမေးခံရတဲ့ ပုဂ္ဂိုလ်ကလဲ နောင်လာ နောက်သားတွေကို သောတာပန်အဖြစ်ဟာ ခဲယဉ်းပြီးသကာလ နေတယ်လို့ထင်မှာ စိုးရိမ်တဲ့အတွက် ရှင်သာရိပုတ္တရာကလဲ အဖြေပေးမှာပဲ (မှန်ပါ့)။
               ဒါကြောင့် သောတာပန် တည်ချင်လို့ရှိရင်ဘုရား . . . တဲ့ သမ္မာဒိဋ္ဌိဖြစ်မှ တည်တယ်လို့ ဆိုပါတယ်၊ အဲဒီ သမ္မာဒိဋ္ဌိ ဖြစ်ခြင်း၏အကြောင်းကို တပည့်တော်အား အမိန့်ရှိပါလို့ ရှင်ကောဋ္ဌိက, က မေးတယ် . . . (မှန်ပါ့)။
               မေးတဲ့အခါ ရှင်သာရိပုတ္တရာက သောတာပန် တည်ဖို့ သမ္မာဒိဋ္ဌိကတော့ကွာ . . .တဲ့၊ မှန်မှန်ကန်ကန် ဖြစ်ဖို့ရာကတော့ ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု . . . တဲ့၊ မိမိနဲ့လျောက်ပတ်တဲ့ တရားကိုနာမှုတဲ့ (မှန်ပ့ါ) သဘောကျပြီနော် . . . (ကျပါပြီ ဘုရား)။
               ၁-နံပါတ်က မိမိနဲ့လျောက်ပတ်တဲ့တရားကို နာမှု . . . တဲ့၊ လျောက်ပတ်ဆိုတာက တချို့ စိတ်ရှု မဂ်ဖိုလ်ဆိုက်တာရှိတယ်၊ တချို့က ဝေဒနာရှုမှ မဂ်ဖိုလ်ဆိုက်တာ ရှိတယ်၊ တချို့က ရုပ်ရှုမှ မဂ်ဖိုလ် ဆိုက်တာ ရှိတယ်၊ ဒါကြောင့် ကိုယ်နဲ့ လျောက်ပတ်တဲ့တရားကို နာမှုက ၁-နံပါတ်၊ တရားမနာဘဲနဲ့တော့ မဖြစ်ဘူးပေါ့လေ . . .(မှန်ပါ့)။
               ဒါဖြင့် . . . မှန်ကန်တဲ့ သမ္မာဒိဋ္ဌိဖြစ်ချင်လို့ရှိရင်ဖြင့် ဘယ်လိုများပါလိမ့်၊ ဘယ်လိုဖြည့်စွက်မှ ဘယ်လိုအကြောင်းညီညွတ်မှ သောတာပန်ဖြစ်နိုင်ပါ့မလဲလို့ မေးတဲ့အခါကျတော့ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို နာမှု ရှိမှလို့ ရှင်သာရိပုတ္တရာက ၁-နံပါတ် ဖြေလိုက်တယ် . . .(မှန်ပါ့)။
               ဘယ့်နှယ်ဖြေပါလိမ့် . . .(ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှုရှိမှပါဘုရား) ကိုယ်နဲ့လျောက်ပတ်တဲ့ တရားကို နာမှုဆိုတော့ သတိပဋ္ဌာန်လေးပါးရှိတယ်၊ တချို့က ဝေဒနာရှုမှ ထင်ရှားတယ်၊ တချို့ကလဲ စိတ်ရှုမှထင်ရှားတယ်၊ တချို့ကလဲသစ္စာရှုမှ ထင်ရှားတယ်၊ တချို့ကလဲ ကာယနုပဿနာ ဆိုတဲ့ ရုပ်တစ်ခုခုကို ရှုမှ ထင်ရှားတယ်။
               အဲဒီတော့ သူထင်ရှားတာတွေက သူ့စရိုက်သူလာတာ ဖြစ်ပြီး သကာလနေတော့ အားလုံး ဒကာ ဒကာမတွေ သိပြီသားအတိုင်း ကိုယ်နဲ့လျောက်ပတ်တဲ့ တရားနာမှုဟာ ၁- နံပါတ် အရေးကြီးတယ် . . .(မှန်ပါ)၊ ကိုယ့်စရိုက်နဲ့ လျော်တဲ့ တရားနာမှုဟာ ၁-နံပါတ်လို့ မှတ်လိုက်ပါ . . .(မှန်ပါ့)။
                 ကောင်းပြီ၊ ဒါဖြင့် အရှင်ဘုရား ဒီတစ်ပါးပဲလား . . . တဲ့။ သောတာပန် တည်ချင်လို့ရှိရင် ဒီတရားတစ်ပါး နာတာနဲ့ပဲ ကိစ္စပြီးရတော့မှာလားလို့ ရှင်ကောဋ္ဌိက, က ဆက်ပြီးမေးတယ်၊ မပြီးသေးဘူး . . .တဲ့(မှန်ပါ့)။
                  ကိုယ်နဲ့လျောက်ပတ်တဲ့တရား နာရုံမျှနဲ့လဲ မပြီးသေးဘူးတဲ့၊ ယောနိသောမနသိကာရဆိုတဲ့ နှလုံးသွင်း မှန်မှုကလေးလဲ ဒုတိယအချက် ထည့်ပါဦးတဲ့ . . .(မှန်ပါ့) နှလုံးသွင်းမှုဟာ ဒုတိယအချက်တဲ့ ဒကာ ဒကာမတို့ (မှန်ပါ့)။
                 နှလုံးသွင်းမှုဟာဘာပါလိမ့် (ဒုတိယအချက်ပါဘုရား) ကိုယ်နဲ့လျောက်ပတ်တဲ့ တရားနာမှုက (ပထမအချက်ပါဘုရား) ဤနှစ်ချက်သာ ပြည့်စုံဖို့လိုတယ်ကွာ . . .တဲ့၊ ဤနှစ်ချက်ပြည့်စုံလို့ရှိရင်ဖြင့် သောတာပန်တည်ဖို့ရာဟာဖြင့် ဤအင်္ဂါနှစ်ပါးပဲ ရှိပါတယ်လို့ ရှင်သာရိပုတ္တရာက ရှင်ကောဋ္ဌိကရဲ့ အမေးကို နောင်လာ နောက်သားတွေအတွက် ဖြေနှစ်ခုပေးခဲ့တာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက လေးလေးနက်နက် မှတ်ပြီးသကာလ ကိုယ်နဲ့ လျောက်ပတ်တဲ့တရားနာမှု၊ နှလုံးသွင်းမှန်မှု၊ ဤနှစ်ခုရှိလို့ရှိရင်                                       သောတာပန်အမှန်အကန် မြင်တဲ့ သမ္မာဒိဋ္ဌိဖြစ်ပါတယ်ကွာလို့ သေသေချာချာ ဟောတယ် . . .(မှန်ပါ့)။
               အဲဒါကြောင့် ဘာပါရမီတွေ၊ ဘာတွေ ဒါလောက်မလိုလှဘူးလို့ မှတ်လိုက်စမ်းပါ . . .(မှန်ပါ့) သဘောကျပလား . . .(ကျပါပြီ ဘုရား)။
               ပါရမီတကယ်လိုတာက လက်ဝဲရံဖြစ်ရပါလို၏၊ လက်ယာရံဖြစ်ရပါလို၏ ဟုတ်လား (မှန်ပါ) အသီတိမဟာသာဝကကြီး ရှစ်ကျိပ်ဖြစ်ရပါလို၏ အစရှိသည်နဲ့ ဒီလိုသောတာပန် တည်ရုံမျှ မကဘဲနဲ့ ဂုဏ်ထူးကြီးတဲ့အရာတွေပါ လိုချင်လို့ရှိရင်တော့ဖြင့် အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းရယ် ကမ္ဘာတစ်သိန်း ကာလရယ် ဆိုတာတွေ ပြုလုပ်ကြရလိမ့်မယ် (မှန်ပါ့)။
                  ဟာ . . . တပည့်တော်တို့ဖြင့် သံသရာရှည်တာလဲ မကြိုက်ပါဘူး၊ ပါရမီလဲ ဒါလောက်ကြာအောင် မဖြည့်ချင်ပါဘူး၊ နိဗ္ဗာန်ဝင်တဲ့အခါကျလို့ရှိရင် ဂုဏ်ထားနဲ့လဲ မဝင်ချင်တော့ပါဘူး၊ မြန်မြန်ပဲ ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန် လိုချင်ပါတယ်ဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ဒီနှစ်ချက်ပဲ (မှန်ပ့ါ) ကိုဝ အလွယ်သားပဲ (လွယ်ပါတယ် ဘုရား) မောင်နိုင် မလွယ်ဘူးလား (လွယ်ပါတယ် ဘုရား)။
                 ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု ၁-နံပါတ်၊ သဘောကျပလား . . .(ကျပါပြီ) နှလုံးသွင်းမှန်မှု (၂-နံပါတ်ပါဘုရား) ဤနှစ်ခု ရှိလို့ရှိရင်ဖြင့် ဆုကြီးပန် မဟုတ်ခဲ့လို့ရှိရင် ဒါဟာကွာ သောတာပန် တည်တာပါပဲတဲ့ . . .(မှန်ပ့ါ)။
                ဒကာ ဒကာမတွေ အားတက်စရာ သိပ်ကောင်းပါတယ် (ကောင်းပါတယ် ဘုရား) မေးတဲ့ ပုဂ္ဂိုလ်က ရှင်ကောဋ္ဌိကဆိုတဲ့ ရဟန္တာ၊ ဖြေတဲ့ပုဂ္ဂိုလ်က ရှင်သာရိပုတ္တရာ၊ အဲဒါ စူဠဝေဒလ္လသုတ်မှာ (မှန်ပ့ါ)။
                စူဠဝေဒလ္လသုတ်ဆိုတဲ့ဥစ္စာ မူလပဏ္ဏာလ ပါဠိတော်မှာ လာတယ်လို့မှတ်ပါ (မှန်ပါ့) အဲဒီမှာ သေသေချာချာဟောထားတဲ့အတွက် ရှေးက သူများပြောသံကြားတွေကို အားလုံးဒကာဒကာမတွေက မှတ်မထားဘဲနဲ့ သောတာပန် တည်ချင်လို့ရှိရင် ဒီအင်္ဂါနှစ်ချက်သာ ပြည့်စုံဖို့ အရေးကြီးတယ် ဆိုတာကို ယနေ့ ဆုံးဖြတ်ချက်ချပစ်လိုက်ပါ (မှန်ပါ့)။
သောတပန် တည်ချင်လို့ရှိရင်ဖြင့် ကိုယ်နဲ့လျောက်ပတ်တဲ့တရားဆိုတာကို နာမှု (မှန်ပါ့) လျောက်ပတ်တဲ့တရားဆိုတာက သတိပဋ္ဌာန်လေးပါးထဲက တစ်ပါး ပါးပဲ (မှန်ပါ့) ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားနာမှု - ၁ နံပါတ်၊ နှလုံးသွင်းမှန်မှု ၂-နံပါတ် (မှန်ပါ့) ဤအင်္ဂါနှစ်ပါးနဲ့ပြည့်စုံလို့ရှိရင်ဖြင့် ဆုကြီးပန် မဟုတ်ခဲ့သော် ဒကာဒကာမတို့ ဘယ်အချိန်မဆို ရတယ်လို့ ဆုံးဖြတ်ချက်ချပါ . . .(မှန်ပါ့)။
                 ဒါဖြင့် မောင်နိုင်ရေ သိပ်ဝေးသေးသလားလို့ မေးရင် . . .(မဝေးပါဘုရား) အဲဒီတော့ ဘုန်းကြီးများကတော့ဖြင့် ဒကာဒကာမတွေကို သတိပဋ္ဌာန်ကို သေသေချာချာ ဟောနေတာပဲ၊ စိတ္တာနုပဿနာလဲ ဟော၊ ဝေဒနနုပဿနာ လဲ ဟော၊ ကာယနုပဿနာလဲ ဟော၊ သစ္စာဆိုတဲ့ ဓမ္မာနုပဿနာ တွေလဲ ဟော၊ အဲဒီတော့ ဒီအထဲက တစ်ခုခုတော့ တိုက်မိရတော့မှာ သေချာတယ် (မှန်ပါ့ဘုရား)။
                   ခင်ဗျားတို့နားထဲမှာ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးနဲ့တော့ဖြင့် ကိုယ့်စရိုက်နဲ့ ကိုယ့်အကြိုက်တော့ တွေ့တော့မှာပဲ (မှန်ပ့ါ)။
တွေ့တဲ့အခါကျလို့ရှိရင် သြော် . . . ဒါ ၁-နံပါတ် အောင်မြင်ပြီသကာလ၊ ၂-နံပါတ် နှလုံးသွင်းမှန်မှုကလေး ဒါကို အထူးဂရုစိုက်ပါဆိုတာ ယနေ့ လေးလေးနက်နက်ပဲ ဒကာ ဒကာမတွေကို သိစေချင်လို့ ပြောကြားသည်လို့ မှတ်ရမယ် (မှန်ပါ့ဘုရား)။
                   ဒီနှစ်ချက်ကိုဖြင့် မေ့မပစ်လိုက်ကြပါနဲ့ ဆိုတာ ဒကာ ဒကာမတွေကို သတိပေးရတယ် (မှန်ပါ့ဘုရား) ၁-နံပါတ်က ဘာတဲ့ (ကိုယ်နဲ့လျောက်ပတ်တဲ့တရားကို နာမှု) သတိပဋ္ဌာတ်လေးပါးထဲက တစ်ပါး, ပါးပေါ့ဗျာ (မှန်ပါ့ဘုရား)။
                    ကိုယ်နဲ့လျောက်ပတ်တာ ကိုယ်ကြိုက်တာ၊ တပည့်တော်ကတော့ ဝေဒနာမှ ထင်ရှားတယ်ဘုရား၊ အဲဒါကြောင့် ဝေဒနာကို တပည့်တော်တို့ အတွေ့များတယ်ဆိုလို့ရှိရင် အဲဒါ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားသာ မှတ် . . .(မှန်ပါ့) တပည့်တော် စိတ်ကိုပဲ အားကြီးရှုလို့၊ မြင်လွယ် ထင်လွယ် ရှိတယ် ဘုရား ဆိုလို့ရှိရင် ဒကာဒကာမတွေ ကိုယ်နဲ့လျောက်ပတ်တာ စိတ်ပဲလို့မှတ်ပါ (မှန်ပါ့)။
                    တပည့်တော်ကတော့ဘုရား ရုပ်တွေ၏ဓာတ်လေးပါးတို့၏ လှုပ်လိုက်ငြိမ်လိုက် ဝါယောဓာတ်တွေ ဖြစ်တာ ပျက်တာတွေ ပူလိုက် အေးလိုက်၊ တေဇောဓာတ်တွေ ဖြစ်တာပျက်တာတွေ တပည့်တော်က ဒါပဲ ထင်ရှားတယ်ဆိုရင် အဲဒါ ကိုယ်နဲ့လျောက်ပတ်တဲ့တရားလို့ မှတ်ပါ (မှန်ပ့ါ)။
                      တပည့်တော်ကတော့ ဘယ်ဟာ ကြည့်လိုက် ကြည့်လိုက် ဝိပရိဏာမ ဖောက်ပြန်တာကလေးတွေဟာ ဒုက္ခသစ္စာချည့်ပဲလို့ မြင်နေတယ်၊ ဝေဒနာကြည့်လဲ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာလို့ပဲ မြင်တာပဲ၊ လောဘစိတ်တွေ ကုသိုလ်စိတ်တွေ ကြည့်လိုက်ပြန်လဲ ဖောက်ပြန်တဲ့ ဒုက္ခသစ္စာချည့်ပဲ မြင်တယ်ဆိုရင် သြော် - သူက သစ္စာဆိုတဲ့ ဓမ္မာနုပဿနာ သတိပဋ္ဌာန်နဲ့ သူ့စရိုက်နဲ့ကိုက်လို့ သူ့ဉာဏ်ထဲ အထင်များတာကိုးဆိုပြီး အဲဒါ ကိုယ်နဲ့ လျောက်ပတ်တဲ့တရားလို့ မှတ်လိုက်ပါ (မှန်ပါ့ဘုရား)။
                         ဒါနဲ့ ကိုယ်နဲ့လျောက်ပတ်တဲ့တရားကတော့ ရှုကြည့်ရင် သိတယ်နော် . . .(မှန်ပါ့) ရှုကြည့်ရင် သိပါတယ် ဒကာဒကာမတို့၊ အဲဒီတော့ ဘုန်းကြီးက ကူညီရမှာက ဘာကို ကူညီရမှာလဲလို့ မေးတော့ ၂-နံပါတ်ဖြစ်တဲ့ နှလုံးသွင်းမှန်မှု ကလေးတော့ ကူညီရလိမ့်မယ် (မှန်ပါ့ဘုရား)။
                          နှလုံးသွင်းမှန်ကန်မှုဆိုတာ ဒကာဒကာမတွေ နှလုံးသွင်းမှု ဆိုတဲ့ အချက်ကလေးဟာက အင်မတန် အရေးကြီးပါတယ်၊ နှလုံးသွင်းမှုဆိုတာက ဒကာဒကာမတို့ ဘာပါလိမ့်မလဲလို့ မေးစရာမလိုပါဘူး၊ ကိုယ့်စရိုက်နဲ့ တော်တဲ့ တရားဟာ ကိုယ်တွေ့ပြီ၊ ဥပမာ စိတ်ဖြင့်လဲ စိတ်နဲ့ပဲ ကိုယ့်စရိုက်နဲ့ ကိုယ်နဲ့လျော်တယ်၊ ဝေဒနာပဲ ကိုယ်နဲ့ လျော်တယ်ဆိုလို့ ရှိရင်ဖြင့် အဲဒီလျော်တဲ့တရားကို ကိုယ်ကနာထားပြီး ရှုတဲ့အခါ ကျတော့ နှလုံးသွင်းမှန်မှုဟာ ဘုန်းကြီးတို့ကလဲ ကူညီမယ်၊ ဒကာဒကာမတွေကလဲ ဒီနှလုံးသွင်းနဲ့ အရ ယူပြီးသကာလ တည့်အောင် ဂရုစိုက်ပါဆိုတာ ယနေ့ ပြောရတယ် . . . (မှန်ပါ့ ဘုရား)။
                          ကဲ . . . ဒါဖြင့် နှလုံးသွင်းမှန်မှုဆိုတာ ဒကာဒကာမတို့ တခြား မဟုတ်ပါဘူး အနိစ္စရှိရင် နိစ္စသိ၍ ဒါနှလုံးသွင်းမှန်ပြီလို့မှတ် (မှန်ပါ့ဘုရား)။
              အပိုင်း (၂)

                အနိစ္စရှိတဲ့တရားကို အနိစ္စရယ်လို့တွေ့ရင် . . .(နှလုံးသွင်းမှန်ပါပြီ) ဒုက္ခရှိတဲ့တရား ဒုက္ခဖြစ်နေတာကို ဒုက္ခရယ်လို့ တွေ့ရင် . . .(နှလုံးသွင်းမှန်ပါပြီ ဘုရား)။

                အဲ . . . ပုဂ္ဂိုလ်သတ္တယါတွေ ပျောက်ပြီးသကာလ၊ အနိစ္စရှိ၍ အနိစ္စတွေ့တာပဲလို့ ဆိုရင် ဒါ . . .နှလုံးသွင်း မှန်တာပါပဲ . . .(မှန်ပ့ါ) အနတ္တရှိ၍ အနတ္တတွေ့ရင်ကော (        နှလုံးသွင်းမှန်ပါတယ်) အသုဘရှိ၍ အသုဘတွေ့ရင်ကော (နှလုံးသွင်းမှန်ပါတယ် ဘုရား)။

                အဲဒီတော့ ဒကာဒကာမတွေ နှလုံးသွင်းမှန်မှုကိုလဲ အနိစ္စခပ်သန်သန် ရှုလိုက်တဲ့အခါမှာ အနိစ္စရှိ၍ အနိစ္စပဲ ဉာဏ်ထဲမှာ တွေ့လို့ရှိရင် ဒါနှလုံးသွင်းမှန်ပြီလို့ မှတ်လိုက်ပါတော့ (မှန်ပါ ဘုရား)။

                 ကိုယ်က ဒုက္ခ အလေ့အကျက်များလို့ ဒီဥစ္စာကလေးဟာ ဖြစ်ဒုက္ခ, ပျက်ဒုက္ခလို့ဆိုပြီး ဒုက္ခကလေးတွေချည်းပဲ ဉာဏ်ထဲမှာ ဝေဒနာကြည့်လိုက်ပြန် ဝေဒနာမတွေ့ ဒုက္ခတွေ့၊ စိတ်ကြည့်လိုက်ပြန် ဝေဒနာမတွေ့ ဒုက္ခတွေ့ ဆိုလို့ရှိရင်ဖြင့် ဒါ . . . နှလုံးသွင်းမှန်ပြီလို့ပဲ ဒကာဒကာမတွေ ဆုံးဖြတ်ချက်ချပါတော့ . . .(မှန်ပါ့) အနတ္တရှိ၍ အနတ္တတွေ့ရင်ကော (နှလုံးသွင်းမှန်ပါတယ် ဘုရား)။

                ကိုင်း . . .ဒါဖြင့် နှလုံးသွင်းမှန်ဆိုတာက ဒကာဒကာမတို့ အရှိနဲ့အသိ ကိုက်ဖို့ပါပဲလို့ ခဏခဏပြောတယ် . . .(မှန်ပါ့) ဘယ်လိုပါလိမ့် (အရှိနဲ့အသိ ကိုက်ဖို့ပါဘုရား)။

                  အရှိနဲ့အသိ ကိုက်ဖို့ပါပဲဆိုတာ အရှိနဲ့အသိ ကိုက်သွားလို့ရှိရင် ခန္ဓာထဲက အနိစ္စရှိ၍ အနိစ္စသိရင် ကိုဝ၊ ကိုစံလှ နှလုံးသွင်းမှန်လို့သာ မှတ်ပေတော့ (မှန်ပါ့) ဒုက္ခရှိ၍ ဒုက္ခသိရင် (နှလုံးသွင်းမှန်ပါတယ်) အနတ္တရှိ၍ အနတ္တသိရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား)။

                  အဲ . . . ကိုယ်နဲ့ လျော်တဲ့တရားကို တွေ့ပြီးပြီ၊ ငါတော့ဖြင့် ဝေဒနာကို ရှုလို့ကောင်းတယ်၊ ငါထိုင်လိုက်လို့ရှိရင် ဝေဒနာက အရင်ပေါ်တယ်၊ ဒါကြောင့် ဝေဒနာဖြစ်ပျက်၊ ဝေဒနာကိုသာ ငါတွေ့တယ်လို့ ဆိုရင် ဒါဟာ ကိုယ်နဲ့ လျော်တဲ့ တရား ဖြစ်လေသောကြောင့် အဲဒီ ဝေဒနာကလေးတွေ၏ ပျောက်ပျက်မှုတွေကို သြော် . . . ပျောက်ပျက်တဲ့တရားမို့ ပျောက်ပျက်တာတွေချည်း တွေ့နေလို့ရှိရင် ကိုဝ၊ ကိုစံလှ နှလုံးသွင်းမှန်ပြီ (မှန်ပါ့)။

                  ဒါဖြင့် အင်္ဂါနှစ်ချပ်ပေါ့ဗျာ (မှန်ပါ့) အဲဒီတော့ ပါရမီတွေ ဘာတွေ သိပ်တွေးမနေကြဘဲ ခင်ဗျားတို့ အခု သောတပန် တည်ချင်ကြတယ်၊ မကြချင်ပါဘူး ဘုရား၊ ဘာဆုမှလဲ မလိုချင်တော့ပါဘူး၊ လက်ဝဲရံ-လက်ယာရံ အသီတိမဟာသာဝက ဆိုတဲ့ ဂုဏ်ထူးဆောင်တွေ မယူချင်တော့ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့ဂုဏ်နဲ့ နိဗ္ဗာန် မဝင်ချင်ပါဘူး၊ နိဗ္ဗာန်ရောက်တဲ့အခါ နိဗ္ဗာန်သည်ကား ဆိုလို့ရှိရင် “သန္တိလက္ခဏံ နိရောဓသစ္စံ” ဆိုသည့်အတိုင်း နိဗ္ဗာန်ဟာ ငြိမ်းအေးခြင်း တစ်ခုတည်းပဲ၊ ဘုရားရောက်တဲ့ နိဗ္ဗာန်လဲ ကိုဝ ငြိမ်းအေးခြင်း ရတာပဲ (မှန်ပါ့)။

                       ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန်တို့ ရတဲ့ နိဗ္ဗန်ကော (ငြိမ်းအေးခြင်းပါဘုရား)  အသီတိရှစ်ကျိပ်တွေ၊ သာဝကတွေ ပါရမီ ရိုးရိုးတရားနာရင်းနဲ့ ပြီးသွားတဲ့ ပုဂ္ဂိုလ်တွေ ဒီပုဂ္ဂိုလ်တွေ ရတဲ့ နိဗ္ဗာန်ကလဲ ဘုရားရတဲ့ နိဗ္ဗာန်ထက် ပိုမိုပြီး သကာလ သေးသိမ်တယ်ဆိုတာ ဒကာဒကာမတွေက မမှတ်နဲ့ (မှန်ပါ့)။

                      နိဗ္ဗာန်ကျတော့ တစ်ခါတည်း သန္တိလက္ခဏာ တစ်ခုသာ ရှိပြီးသကာလ နေတဲ့အတွက် ဘယ်သူရောက်တဲ့ နိဗ္ဗာန်သည် အထူးအခြားရယ်လို့ မထားပါဘူး၊ နိဗ္ဗာန်ဆိုတာ ခန္ဓာဇတ်သိမ်း ငြိမ်းတာချင်းအတူတူ ကိလေသာ ဇာတ်သိမ်း၍ ငြိမ်းတာချင်းကော (အတူတူပါဘုရား)။

                         ဒါဖြင့် ငြိမ်းအေးခြင်းလက္ခဏာ တစ်ခုတည်းပဲပေါင်းဆုံနေတယ်ဆိုတာ ဒကာဒကာမတွေက မှတ်ထားလိုက်တော့ သြော် . . . တိုသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာရှည်လေလေ ဒုက္ခရှည်လေလေပဲ မှတ်ပြီးသကာလ၊ ဒီနှစ်ချက်ကိုပဲ ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကို နာရပြီးပြီ ဆိုလို့ရှိရင် ဒကာဒကာမတို့ အရင်ပြောတဲ့အတိုင်း မနက်အားထုတ် ညနေရမှာပဲ၊ ညနေအားထုတ် မနက်ရမှာပဲ၊ ကိလေသာကြားမညှပ်စေနဲ့ ဆိုတာနဲ့ ဖြည့်စွက်ပြိး မှတ်လိုက်တာပေါ့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

                        ဒီလိုဆိုတော့ ဝန်လေးစရာအကြောင်းများကို ရှိသေးသလား (မရှိပါဘုရား) အဲဒီတော့ တပည့်တော်တို့ ဘုရား . . .ဘယ်အတွက်ကြောင့်များ ချို့နေသတုံးလို့ မေးတဲ့အခါ ကျလို့ရှိရင်ဖြင့် ဘုန်းကြီးပြောမယ်၊ တရားမနာတဲ့ လူမှာတော့ဖြင့် နှစ်ဦးတည်းပဲ တရားမနာဘဲနဲ့ မဂ်ဖိုလ်ရတာ ရှိတယ်လို့ ကိုဝ ကိုစံလှ မှတ် (မှန်ပါ့)။

                          ပစ္စေကဗုဒ္ဓါ နဲ့ ဘုရားပဲ သူများတရားနာဘဲနဲ့ သောတာပန် စ,တည်တယ်(မှန်ပါ့) ကျန်တဲ့ပုဂ္ဂိုလ်ဟူသရွေ့ ပစ္စေကဗုဒ္ဓါနှင့် ဘုရားမှတစ်ပါး ကျန်တဲ့ပုဂ္ဂိုလ် ဟူသရွေ့မှာဖြင့် တရားနာမှပဲ ရတယ် (မှန်ပ့ါ)။

                             တရားနာမှပဲ နှလုံးသွင်းမှန်နေမှပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေ ရတယ်ဆိုတော့ ဘယ်သူ့ အကိုးအကား ထုတ်လိုက်သတုံးလို့ မေးတော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှင်သာရိပုတ္တရာ ပါရမီဖြည့်လာတာ ရဟန္တာဖြစ်ဖို့ပေါ့ဗျာ . . .(မှန်ပ့ါ) နည်းသလား ကိုဝ ကိုစံလှရေ . . . (မနည်းပါဘုရား) မောင်နိုင် မနည်းဘူးပေါ့နော် (မှန်ပါ့)။

                                 တစ်သေင်္ချနဲ့ ကမ္ဘာတစ်သိန်း တဲ့၊ တစ်ခါတည်း ဝိပဿနာတွေလုပ် အမျိုးမျိုးအဖုံဖုံ ပါရမီတွေ ဖြည့်လာလိုက်တာ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဆိုတော့ ကိုဝ  . . . ကျုပ်တို့ဖြင့် စိတ်တောင် မကူးရဲလောက်အောင်ပဲ (မှန်ပါ့)။

                                  အဲဒီ ပုဂ္ဂိုလ်ကြီးတောင်မှ အရှင်အဿဇိဆိုတဲ့ ရဟန္တာပုဂ္ဂိုလ် က "ယေဓမ္မာ ဟေတုပ္ပဘဝါ တေသံ ဟေတုံ တထာဂတော အာဟ တေသဉ္စယော နိရောဓေါ ဧ၀ံ ဝါဒီ မဟာသမဏောတိ" ဆိုတဲ့ ဒီဂါထာကလေးမှ မကြားလိုက်ရလို့ ရှိရင်ဖြင့် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဟာ ကျွတ်တမ်းမဝင်နိုင်ဘူး (မှန်ပါ့) တစ်ခါတည်း သောတာပန်က စ, တည်ပြီး ရဟန္တာဖြစ်ဖို့ အကြောင်းမရှိဘူး (မှန်ပါ့)။

                               ကဲ . . . မောင်နိုင် တရားနာမှု ဘယ်လောက် အရေးကြီးတယ် ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

                              ဒါဖြင့် . . . တရားနာမှုမရှိဘဲနဲ့ ရတာ ဘယ်နှစ်ပါးသာ ရှိသတုံး (နှစ်ပါးသာရှိပါတယ် ဘုရား) ဘုရားရယ်, ပစ္စေကဗုဒ္ဓါရယ် (မှန်ပါ့) ကျန်တဲ့ပုဂ္ဂိုလ်ဖြင့် တရားနာရမှပဲ၊ ဒါကြောင့် ကိုယ်နဲ့လျောက်ပတ်တဲ့တရားနာမှု ၁-နံပါတ်ဆိုတာ ရှင်သာရိပုတ္တရာက သေသေချာချာ ဟောခဲ့တာပဲနော် (မှန်ပါ့)။

                              ဒါဖြင့် ရှင်သာရိပုတ္တရာသည် ဒကာဒကာမတို့ တစ်သင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသား (မှန်ပါ့) ပဉ္စဝဂ္ဂီငါးဦးထဲက အရှင်အဿဇိ-ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလာတဲ့အခါမှာ သူဟာ ဒိဋ္ဌိအယူဝါဒနဲ့ပဲ မောင်နိုင် ရှိသေးတယ်နော် (မှန်ပါ့)။

                             သူကလဲ ဆွမ်းခံသွားတာပဲ၊ ဒိဋ္ဌိအယူယါဒနဲ့ပဲ ဆွမ်းခံသွားတာပဲ၊ ဟိုကလဲ ရဟန္တာဖြစ်ပြီးသား ပုဂ္ဂိုလ် ဆွမ်းခံလာတာနဲ့၊ လမ်းဆုံတဲ့အခါမှာ သူက အရှင်ဘုရားရဲ့ ဆရာ ဘယ်သူတုံး၊ အရှင်ဘုရားကို ဆရာဟောတဲ့ တရားများဟာ ဘယ်တရားများ ဟောပါလိမ့်မလဲ မေးတော့ “ယေဓမ္မာ ဟေတုပ္ပဘဝါ” ကို ဟောတာပဲနော် (မှန်ပါ့)။

                             ယေဓမ္မာ - အကြင် ရုပ်နာမ်ဓမ္မဟူသည်။ ဟေတုပ္ပဘဝါ - အကြောင်းကြောင့်ဖြစ်တာချည်းပဲ၊ သြော် . . .ဒါဖြင့် သူကရိပ်မိပြီ၊ ငါ့သန္တာန်မှာရှိတဲ့ ရုပ်နာမ်တွေဟာ အကြောင်းတရားကြောင့် ဖြစ်တော့ အကြောင်းချုပ်ရင် အကျိုးချုပ်မှာပဲဆိုပြီး ခန္ဓာဉာဏ် လှည့်လိုက်တယ် (မှန်ပါ့)။

                           ခန္ဓာဉာဏ် လှည့်လိုက်တော့ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ဆည်းပူတဲ့ပါရမီကလဲ ဖွင့်ပေးမှာကလေး လိုနေသေးတဲ့အတွက်သာ သူအောင့်အည်း သည်းခံပြီး အညွန့်အညှောက် မပေါက်ဖြစ်ပြီး သကာလနေတော့ အခုလို ယောဓမ္မာ ဟေတုပ္ပဘဝါ ဆိုတဲ့ အတိုင်း ဒီဂါထာကလေးကို သေသေချာချာ ဟောလိုက်သဖြင့် အကြောင်း ဖြစ်ရင် အကျိုး ဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ် ဆိုတော့ ဒကာဒကာမတို့ အဖြစ်နဲ့အပျက်ကို သူ့ဉာဏ်ထဲ ထင်သွားတယ် (မှန်ပါ့)။

                            အဲဒီတွင် ဖြစ်ပျက်ဉာဏ် ထင်ပြီးသကာလ ဖြစ်ပျက်မုန်း, ဖြစ်ပျက် အဆုံးကို နာရင်း မတ္တနဲ့ ခန္ဓာဉာဏ် စိုက်လိုက်တာ ဒီနေရာတွင် သောတာပန်တည်တယ် . .  . (မှန်ပါ့) သဘောပါ ပလား (ပါ ပါပြီ ဘုရား)။

                             ဒါဖြင့် တရားနာမှုနဲ့  သူ-နှလုံးသွင်းမှန်မှု ကိုက်သွားတယ် (မှန်ပါ့) ရှင်းပကြပလား . . . (ရှင်းပါပြီဘုရား)။

                             တရားနာမှုရယ်, နှလုံးသွင်းမှန်မှုရယ် ကိုက်သွားတဲ့အတွက် အရှင်ဘုရား . . . ကြွနှင့်တော့ဘုရား၊ ဘုရားဘယ်မှာ သီတင်းသုံးနေသတုံး မေးတာပဲ၊ ဟာ . . . ဘယ်မှာ သီတင်းသုံးတယ်၊ ဒါဖြင့် တပည့်တော် နောက်ကလိုက်ခဲ့ပါမယ်ဘုရား၊ တပည့်တော် မိတ်တွေ တစ်ယောက်နဲ့ ကတိထားတာ ရှိသေးတယ်ဆိုတော့ အရှင်မောဂ္ဂလာန် အလောင်း ကောလိတ ပရိဗိုဇ်နဲ့ တရားထူးတွေ့ရင် ပြောကြစတမ်းဆိုတာ ရှိသေးတာကိုး . . . (မှန်ပါ့)။

                              အဲဒါကြောင့် သူ့မိတ်ဆွေကို သွားခေါ်ချင်တဲ့အတွက် ချက်ချင်း လိုက်မသွားတာ၊ နို့မဟုတ်ရင် ချက်ချင်း လိုက်သွားတယ်နော် . . . (မှန်ပါ့)။

                               ပြီးတော့ . . . သူ့ဆရာကြီး သိဉ္စည်းဆရာကြီးလဲ ရှိသေးတယ်၊ အဲဒီမှာ သူ-ပရိဗိုဇ်ဖြစ်ပြီးသကာလ နေတော့ သြော် . . . ဆရာကြီးလဲ လွဲနေတယ်၊ တို့ဆရာကြီးတော့သွားပြီးသကာလ ခေါ်ဦးမှပဲဆိုပြီး ဆရာကြီးကိုလဲခေါ်ချင်တယ်၊ သူ-ကတိထားခဲ့တဲ့ ရှင်မဟာမောဂ္ဂလာန် အလောင်းကိုလဲ ခေါ်ချင်တဲ့ အတွက် တစ်ခါတည်းပါမသွားတာ၊ နို့မဟုတ်ရင် တစ်ခါတည်း လိုက်သွားမှာ (မှန်ပါ့)။

                               ဒါနဲ့ ရှင်မောဂ္ဂလာန်အလောင်းနဲ့ တွေ့တဲ့အခါမှာလဲ သူက ဒီတရားပဲ ဟောပြန်တာပဲ၊ ယောဓမ္မာ ဟေတုပ္ပဘဝါ = အကြောင်းဖြစ်ရင် အကျိုး ဖြစ်တာပဲဆိုတာကို သူ ဟော လိုက်တဲ့အတွက် သူလဲ ထို့အတူပဲ၊ တရားနာလို့ သောတာပန် တည်ပြန်တာပဲ . . . (မှန်ပါ့)။

                                အဲဒီတော့ . . . ကိုယ်နဲ့ လျှောက်ပတ်တဲ့ တရား ဆိုတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်တယ်၊ အကြောင်းချုပ်ရင် အကျိုးချုပ်တယ်ဆိုတော့ ဘယ်တရားမဆို ဒကာဒကာမတို့ အဖြစ်နဲ့ အပျက်ပဲ ရှိတယ်ဆိုတာ သိပြီးသား မနေဘူးလား (နေပါတယ် ဘုရား)။

                                  အဲဒီအဖြစ်နဲ့ အပျက်နဲ့ ဉာဏ်နဲ့ ကိုက်ကိုက်သွားရင် ဒါဟာ နှလုံးသွင်း မှန်တော့တာပဲ . . . (မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ ဘုရား)။

          အပိုင်း (၃)


ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ ဟပ်,ဟပ် သွားလို့ရှိရင် . . . (နှလုံးသွင်း မှန်ပါတယ် ဘုရား)။

               နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် နာထားတဲ့တရားကလဲ ဒီအတိုင်း နှလုံးသွင်းလိုက်တော့လဲ ဒီအတိုင်းဆိုရင် ချက်ချင်း သောတာပန် တည်ပါတယ်တဲ့ ဒကာဒကာမတို့နော် . . . (မှန်ပါ့ ဘုရား)။ နာထားတဲ့တရားကလဲ ဒီအတိုင်းပဲနော်။ (မှန်ပါ့ ဘုရား) နာထားတဲ့ တရားကလဲ ဖြစ်ပျက်ကို နာထားရတယ် ကိုယ့်ဉာဏ်မှာလဲ ဖြစ်ပျက်ပဲ ရှုကြည့်တော့ တွေ့လို့ ရှိရင် သောတပန် တည်မှာ သေချာတယ်လို့ ဆုံးဖြတ်ချက်ချ၊ ဘာမှ သံသယမရှိနဲ့ . . .(မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ ဘုရား)။

             နာထားရတဲ့ တရားကလဲ အနိစ္စာဝတ သင်္ခါရာ  ဆိုတော့ ဘုန်းကြီးတို့ ဟောနေတော့ သင်္ခါရတရား ပျက်သည်ဆိုတော့ အဖြစ်နဲ့ အပျက်ပဲ မနေဘူးလား . . . (နေပါတယ် ဘုရား) ကိုယ်ရှုလိုက်တဲ့ အချိန်မှာလဲ ဒါပဲတွေ့မယ် . . .(မှန်ပါ့) နာတုန်းကလဲ ဒီတရားပဲ နာထားတယ် (မှန်ပါ့) ကိုယ်ရှုလိုက်တဲ့အခါကော (ဒီတရားပဲတွေ့ပါတယ် ဘုရား) ဒီတရားပဲ တွေ့တယ်ဆိုရင် ကိုဝ, ကိုစံလှ ကိစ္စပြီးပြီသာအောင်မေ့ . . . (မှန်ပါ့)။

              နာထားတဲ့တရားနဲ့ ကိုယ်နှလုံးသွင်းလိုက်တာနဲ့ ကိုက်ထွက်သွားလို့ရှိရင်ဖြင့် ဂုဏ်ထူးနဲ့ နိဗ္ဗာန်မဝင်ချင်လို့ရှိရင် ပါရမီတွေ ဘာတွေ ဒါလောက်မလိုပါဘူး၊ အခုဟာက ပဏ္ဏာသမှာ ဟောတော်မူတာ . . . (မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ) ဒီအတိုင်းပဲ ဟောတယ် . . . (မှန်ပါ့)။

             ဒါကြောင့် ဒကာဒကာမတွေ ဘုရားဟောတဲ့ ကျမ်းဂန်တွေ ကိုယ်တော်တိုင် ဟောတာတွေ ဖြစ်ပြီးသကာလ နေတဲ့အတွက် ဘုရားထောက်ခံတဲ့ ကျမ်းစာတွေ ဖြစ်ပြီးသကာလ နေတဲ့အတွက် တို့သည်ကားလို့ဆိုရင် ပါရမီမှရှိရဲ့လား၊ လုပ်နေရတာကတော့ လုပ်နေရတာပဲ၊ ဒီဘဝမှာ စ,နေတာများ ဖြစ်လေရော့သလား ဆိုပြီး ကိုယ့်သံသယ၊ ကိုယ့် ကုက္ကုစ္စ ကိုယ့်ကိုယ်တော့ဖြင့် မကန့်ကွက်ပါစေနဲ့ ဆိုတာ လေးလေးနက်နက် တားတယ် . . . (မှန်ပါ့) ဘုန်းကြီးက တားတယ် . . . (မှန်ပါ့)။

               သြော် . . . တို့ကလဲ သားနဲ့-သမီးနဲ့-ဆွေမျိုးနဲ့-အိမ်နဲ့ရာနဲ့ ပျော်လိုက်, ပါးလိုက်နေခဲ့ကြရတော့ တို့ကတော့ဖြင့် အခုဆရာဘုန်းကြီး ပြောသလောက်တော့ မလွယ်ဘူးထင်တယ်လို့ဆိုရင် ကိုယ့်ကိုယ်ကို သံသယကုက္ကဲစ္စဖြစ်တာ . . . (မှန်ပါ့)  မောင်နိုင် သဘောကျပလား (ကျပါပြီဘုရား)။

               ကိုယ့်ကိုယ်ကို ဘာတုံး . . . (သံသယ ကုက္ကုစ္စ ဖြစ်တာပါဘုရား) ကိုယ့်ကိုယ်ကို သံသယ ကုက္ကုစ္စ ဖြစ်လို့ရှိရင် တရားရထိုက်ပါရဲ့သားနဲ့ ကိုဝ, ကိုစံလှ ကုက္ကုစ္စက တားလိုက်မယ် (မှန်ပါ့) ဦးခန့်တို့ ရိပ်မိလား . . .( ရိပ်မိပါပြီ ဘုရား)။

                 အဲဒါကြောင့် ဒကာဒကာမတွေကိုလဲ သေသေချာချာ မှာပါတယ်၊ ကိုယ့်ကုက္ကုစ္စ နဲ့ ကိုယ့်သံသယက ကိုယ့်တားလို့ရှိရင် ဘုန်းကြီးများက တာဝန်မယူဘူးပေါ့ဗျာ . . .(မှန်ပါ့) အခု ဘုရားဟောတော်မူတဲ့အတိုင်း ဘုန်းကြီးပြောသလို ရှင်မဟာကောဋ္ဌိက, ရှင်သာရိပုတ္တရာ အမေးအဖြေမှာလဲ သေသေချာချာ လုံလုံလောက်လောက်၊ နောက် ပေဋကောပဒေသမှာ ရှင်အာနန္ဒာ ဟောထားတာကလဲ ဘုရားက ထောက်ခံချက်ပေးလို့ သေသေချာချာ လုံလောက်တဲ့အတွက် ကိုယ့်သံသယကိုဖျောက်ဖို့ ကုက္ကုစ္စကို ဖျောက်ပြီးသကာလ ကြိုးစားမြဲ ကြိုးစားလို့ရှိရင်ဖြင့် ဒကာဒကာမတို့ ရ-ရမှာပဲ . .. . (မှန်ပါ့) သဘောကျပလား . . .(ကျပါပြီ ဘုရား)။

              ဒါဖြင့် မမှာသင့်ဘူးလား ကိုဝရေ (မှာသင့်ပါတယ်ဘုရား)။

             မှာသင့်တယ်၊ ဒကာ ဒကာမတွေက ဘယ်လိုလာတက်သတုံးဆိုတော့ သြော် . . . သားနဲ့, မယားနဲ့, ဆွေနဲ့, မျိုးနဲ့, အရောင်းနဲ့, အဝယ်နဲ့ အခင်အမင်တွေကလဲ တန်းလန်း၊ မစွန့်နိုင်တာတွေကလဲ တပြုံကြီး၊ ဒီကြားထဲကနေပြီး သကာလ ဒီနှစ်ချက်နဲ့ညီအောင် လုပ်လို့ရှိရင်တော့ လုပ်တော့လုပ်ရမှာပဲ ဖြစ်ဖို့ရာ လွယ်မှလွယ်ပါ့မလားဆိုတဲ့ ဝိစိကိစ္ဆာ မလာစေနဲ့ . . . (မှန်ပါ့) သဘောကျပလား  . . . (ကျပါပြီ ဘုရား)။

             ပြီးတော့  . . . တို့ကလဲ အကုသိုလ်တွေကလဲ များလိုက်တာ နောက်က နေခဲ့ထိုင်ခဲ့တာ မသိမှုတွေက အုပ်ချုပ်ပြီးသကာလ မသိအလုပ်တွေ ပုံနေခဲ့တယ်ဆိုပြီး အဲဒီကုက္ကုစ္စလဲ မလာစေနဲ့ (မှန်ပါ့)။

             လာလို့ရှိရင်ဖြင့် အဲဒီဝိစိကိစ္ဆာနဲ့ ကုက္ကုစ္စဆိုတာ တစ်နေ့က ပြောခဲ့ပါတယ် ဒကာဒကာမတို့ နီဝရဏတရားပဲ (မှန်ပါ့ ဘုရား)။

              သူတို့က လာတားတာလား ကိုယ်ကိုယ်တိုင်တွေးဆပြီး ကိုယ့်ဟာကိုယ် တားယူတာလား . . .(ကိုယ့်ဟာကိုယ် တားယူတာပါဘုရား)။

                 အဲ . . . ကိုယ့်အတွေးအဆ ကိုယ်တားတော့ ဖြစ်လေသောကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ဒီအရူးဖြင့် မထ,ပါနဲ့ဆိုတာ သတိပေးလိုက်ပါတယ်၊ ဒီအရူး ထ,ခြင်းသည် ကိုယ်နစ်နာတဲ့ အရူးကိုးဗျ . . .(မှန်ပါ့)။

                 ဘာမှ သံသယမရှိပါနဲ့တဲ့၊ ဒကာဒကာမတို့ ဘယ်လောက်ပဲ မူးလို့ ဘယ်လောက်ပဲရူးနေနေ ပဉ္စာနန္တရိယကံမရှိ၊ နိယတမိစ္ဆာဒိဋ္ဌိရှိရင် ဒကာဒကာမတွေ ရနိုင်တာပဲလို့ ဆိုတာလဲ တစ်နေ့ကပဲ သေသေချာချာ ပြောခဲ့တယ် မဟုတ်လား
အဲဒီတော့ တို့ဟာ . . . ငယ်ငယ်တုန်းက မသိမလိမ္မာတုန်း က မူးခဲ့ရူးခဲ့တယ်၊ ဒါတွေ အရေးမယူနဲ့၊ ဒါတွေ ဘာမှမဆိုင်ဘူး၊ ဒါတွေ ဘာမှမဆိုင်ပါဘူး၊ ရှေးတုန်းက အချို့ ဘုရားရှေ့မှာ ဒီအတိုင်းပဲ မူးနေကြတာပဲ၊ နော်ကအခုပြောတဲ့ နှလုံးသွင်းမှန်ပြီးသကာလ ကိုယ်နဲ့လျော်တဲ့တရား နှလုံးသွင်းမှန်မှုနဲ့ ကြုံသွားတော့ကို ဒီအမူတွေ အကုန်ပျောက်ပြီးသကာလ ဒါတွေကို မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ ဖြတ်ချလိုက်တာပါပဲ ဆိုတာ ဒကာဒကာမတွေ  အထင်အရှားပဲ . . . (မှန်ပါ့)

               သန္တတိအမတ်ကြီးများ တစ်နေ့လုံးမူးနေတာ  တစ်နေ့လုံးမူးပြီး နောက်မှ သံဝေဂရပြီး ဘုရားက တရားဟောလိုက်တဲ့အခါကျတော့ အတိတ်လဲမတွေးပါနဲ့၊ အနာဂတ်လဲ မတွေးပါနဲ့၊ ပစ္စုပ္ပန်အရေးသာ နှလုံးသွင်းမှန်အောင်လုပ်လိုက်စမ်းပါ ဆိုတော့ တစ်ခါတည်း သောတပန်ကနေတက်ပြီးတော့ ရဟန္တာဖြစ်တာပါပဲ . . .(မှန်ပါ့)။

              ကံကြီးမဟုတ်တာတွေကို ခင်ဗျားတို့က အလကားနေရင်း အတွေးထုတ်ပြီး သကာလ ကုက္ကုစ္စဖြစ်ခဲ့သော် ကိုယ့်ကုက္ကုစ္စက ကိုယ့်ကိုတားတယ် . . .(မှန်ပါ့)။

             ကုက္ကုစ္စတရားကို တစ်နေ့က ဘုန်းကြီးက ဘယ်လိုဟောခဲ့သတုံး၊ မောင်နိုင်တို့ မှတ်မိပါလိမ့်မယ်၊ နီဝရဏတရား  . . . တဲ့၊ မဟောခဲ့ဘူးလား . . .(ဟောခဲ့ပါတယ် ဘုရား)။

              နီဝရဏတရား ဆိုတာက သူများလုပ်တဲ့ နီဝရဏတရားလားလို့ မေးတဲ့အခါ ကိုယ့်ဟာကိုယ် သတ်စေဆိုတဲ့ နီဝရဏ (မှန်ပါ့)။

              မောင်နိုင် သူများလုပ်တာလား (မဟုတ်ပါဘုရား) ကိုယ့်ဟာကိုယ် သတ်စေ (မှန်ပါ့) ကိုယ့်တွေးလုံးက ကိုယ့်နှိပ်စက်တာ သဘောကျပလား . . .(ကျပါပြီဘုရား)။

             ဥပမာမယ် ဒကာဒကာမတွေပေါ့လေ . .  သားက နေရာမကျ၊ သမီးကနေရာမကျလို့ အမေလုပ်တဲ့ ပုဂ္ဂိုလ်, အဖေလုပ်တဲ့ ပုဂ္ဂိုလ်က အိပ်ရာထဲတွင် ဟိုက သားသမီးတွေကတော့ အိပ်နေကြတာပဲ၊ ဒီနားမှာလဲ သားက အိပ်နေ-သမီးကလဲအိပ်နေ ကိုယ်ကတော့ တွေးလုံးထုတ်ပြီး မျက်ရည်ကျတာတော့ မတက်နိုင်ဘူး (မှန်ပါ့ဘုရား) သူတို့က လုပ်တာလို့ ဆိုလို့ရရဲ့လား . . .(မရပါဘူးဘုရား)။

            သူတို့နှစ်ယောက်က သားကလဲအိပ်နေ၊ သမီးကလဲ အိပ်နေတယ်၊ ကိုယ့်ဟာကို အမေက တွေးလုံးထုတ်ပြီးသကာလ သံသယ ကုက္ကုစ္စဖြစ်နေတာတော့ ဒါဘယ်သူမှ မတက်နိုင်ဘူး (မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ ဘုရား)။

            အဲဒီတော့ ဒကာဒကာမတွေ ယနေ့မှာတဲ့ဥစ္စာ လေးလေးနက်နက် မှတ်ကြပါဆိုတာ နှစ်ချက်တည်း ပြောတဲ့အတွက် မမှတ်စရာလဲ မရှိပါဘူးနော် . . . (မှန်ပါ့)။

             ၁- နံပါတ်က ဘာပါလိမ့် - (ကိုယ်နဲ့လျောက်ပတ်တဲ့တရား နာရပါမယ်)၊ ၂-နံပါတ်က ဘာပါလိမ့် (နှလုံးသွင်းမှန်ဖို့ပါ ဘုရား)။

            အဲ . . . လျောက်ပတ်တဲ့တရားနာတာနဲ့ နာတဲ့တရားနဲ့ ကိုယ်ရှုလိုက်တဲ့အခါမှာ တစ်ထပ်တည်း ဖြစ်သွားလို့ရှိရင် မောင်နိုင်ပြီးတာပဲ . . .(မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ ဘုရား)။

           အဲဒီတော့ ဘာပါရမီ လိုသေးသလဲလို့ မေးဖို့ လိုသေးသလား(မလိုပါဘုရား) မလိုရင် ဒီနှစ်ချက် ပြည့်စုံရင် သမ္မာဒိဋ္ဌိဖြစ်တော့တာပဲဆိုတာ ရှင်သာရိပုတ္တရာ က ဖြေတယ်၊ ဖြေတဲ့ ပုဂ္ဂိုလ်ကလဲ တရားနာမှုဆိုတာ သူကိုယ်တိုင်နာခဲ့လို့ သောတာပန်တည်တာ(မှန်ပါ့) သဘောကျပလား . . .(ကျပါပြီ ဘုရား)။

           အဲဒီလိုနာလို့ ရှင်အဿဇိဟောတဲ့အတိုင်း ခန္ဓာထဲမှာ နှလုံးသွင်းကလဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုက်မသွားဘူးလား (ကိုက်သွားပါတယ် ဘုရား)။

            အဲဒီလိုတွေးသွားတော့ သူကိုယ်တိုင်လဲ ဒီတရားကို နာရတယ်၊ သူကိုယ်တိုင်လဲ နှလုံးသွင်းမှန်နဲ့ နှလုံးသွင်းလိုက်တယ်၊ ဒါကြောင့် သူကိုယ်တိုင်ပဲ သောတာပန်တည်တယ် . . .(မှန်ပါ့) သဘောကျပလား (ကျပါပြီ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

             ဒါဖြင့် ဒကာဒကာမတို့ အင်မတန်မှလဲကျမ်းကြီး ကျန်ဂန် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတာကိုလဲ ပြောပြန်၊  ရှင်သာရိပုတ္တရာ ကိုယ်တွေ့ကိုလဲ ပြောပြန်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလဲ သာရိပုတ္တရာ, မောဂ္ဂလာန်တို့တောင်မှကွာ . . . ရှင်အဿဇိနဲ့မတွေ့၊ ဘုရားနဲ့ မတွေ့ခဲ့သည်ရှိသော တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး လက်ဝဲရံ လက်ယာရံဖြစ်ဖို့ ဆုတောင်းပြီးသား လုပ်ခဲ့တဲ့အလုပ်တွေဟာ ကျွတ်တမ်းမဝင်သေးဘဲ ဖြစ်နေဦးမှာ . . .တရားမနာရင်  . . . (မှန်ပါ့)။

             ဒါ့ကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ မှာ ဤနှစ်ချက်ကိုဖြင့် မသေမချင်း မှတ်ဖို့ပါပဲ (မှန်ပါ့) မသေမချင်း မှတ်ပြီးသကာလ သြော် . . . သောတာပန်ဟာ ပြောသံကြားဖူးတာက ဒါနအစ၊ သီလအလယ်၊ သမထ ဝိပဿနာအဆုံးလို့ ဒီလိုက ဆိုထားတယ်၊ ဒါတွေက ဆုကြီးပန်တွေဆိုပါတယ် . . .(မှန်ပါ့ဘုရား)။

              အခု နိဗ္ဗာန်ရလို့ အခုယူမည့်ပုဂ္ဂိုလ် ကိုဝ, ကိုစံလှ မလိုပါဘူး . . . (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဘာမှ မလိုလှဘူး၊ ဒီနှစ်ခုပဲလိုတာကိုဖြင့် လေးလေးနက်နက် မှတ်ဖို့ပါပဲ . . . (မှန်ပါ့)။

               ဟာ . . . ဘုန်းကြီးကခိုင်လုံအောင်ပြောနေတာလို့ ဒီလိုအယူမရှိပါနဲ့၊ သေသေချာချာ ရှင်သာရိပုတ္တရာနဲ့  ရှင်ကောဋ္ဌိက အမေးအဖြေကိုလဲ ထောက်ပြသဖြင့်လည်းကောင်း၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့တောင် တရားမနာလို့ရှိရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးသားပင် ကျွတ်တမ်း မဝင်နိုင်သေးဘူး၊ ကိုယ်နဲ့လျောက်ပတ်တဲ့တရား နှလုံးသွင်းမှန်မှု ရှိလို့ရှိရင် ရပါတယ် ဆိုတဲ့ အကြောင်းကို ပေဋကောပဒေသပါဠိတော်မှာ ဟောထားတဲ့အတွက် သံသယရှိစရာ မောင်နိုင်တို့၊ ကိုစံလှတို့ လိုသေးသလား (မလိုပါဘူးဘုရား)။





  အပိုင်း (၄)


                   ဒါဖြင့် ဒကာဒကာမတို့ ခုနင်က ဘုန်းကြီးပြောတဲ့အချက်ကလေးဟာ ဒကာ ဒကာတို့အပေါ်၌ အရေးအကြီးဘူးလား (ကြီးပါတယ် ဘုရား)။

                  ငါတို့က နေခဲ့ထိုင်ခဲ့တာ နေရာမကျဘူး၊ ဒီလိုမလာနဲ့ ဘာမှကိစ္စမရှိဘူး၊ သဘောကျပလား (ကျပါပြီ) ငါတို့က စာမတက်ဘူး၊ ဒီလိုလဲ မလာစေနဲ့ (မှန်ပါ့)။

                  ဘုန်းကြီးပြောတဲ့ ဝေဒနာကို နားလည်ရင်၊ စိတ်ကိုနားလည်ရင်၊ ရုပ်ကို နားလည်ရင်၊ သစ္စာကို နားလည်ရင် ဒါ . . . စာတွေပါပဲ (မှန်ပ့ါ) နားလည်ထားတာက စာတက်နေတာပဲ . . . (မှန်ပါ့) သဘောကျပလား . . .(ကျပါပြီ ဘုရား)။

          နားလည်တာက ဘာပါလိမ့် . . . (စာတက်နေတာပါ ဘုရား)။
          အဲဒီတော့ ငါတို့က စာမတက်ဘူးလို့ ခင်ဗျားတို့ ပြောနေတာက ကိုယ်စာတက်ထားကာမှ စာတက်တယ်လို့ ကိုဝ မသိတဲ့အဓိပ္ပာယ်ကော မရောက်ဘူးလား . . . (ရောက်ပါတယ် ဘုရား)။

          ခင်ဗျားတို့ သင်္ဂြိုလ်စာအုပ်ကြီး ပြာချပြီးမျိုမှ စာတက်တယ်လို့ ထင်နေရင်တော့ ခက်တယ် . . .(မှန်ပါ့) ဒီလို မဟုတ်ပါဘူး ဒကာဒကာမတို့  . . . သေသေချာချာ ခန္ဓာထဲမှာ တရားနာကတည်းက တရားနာတယ်ဆိုတာ အဲဒါ စာတက်သွားတာပဲ (မှန်ပါ့)။

          တရားနာရလို့ရှိရင်ဖြင့် သြော် . . . ဒါဝေဒနာပဲ၊ ဒါ ဖြစ်ပျက်ပဲ၊ ဒါစိတ်ပဲ၊ စိတ်ဟာလဲ ခယ ဝယဆိုတဲ့ ဖြစ်ပျက်မှာ လမ်းဆုံးတာပဲ၊ ဒုက္ခသစ္စာဆိုတာလဲ ခဏခဏ ဖောက်ပြန်ပျက်စီးတာပဲ၊ ရုပ်ဆိုတာလဲ ပျက်စီးတာ ရုပ်ခေါ်တာပဲ ဆိုတော့ ဒါတွေဟ ခင်ဗျားတို့ စာတက်နေတာတွေပေါ့ဗျာ (မှန်ပါ့ဘုရား)။

          တရားနာတာဟာလဲ စာသင်ပြီးသကာလနေတာ၊ စာတက်ပြီးသကာလဆိုတာလဲ ကိုယ့်ဟာကိုယ် မသိရဘူးလား . . . (သိရပါတယ်ဘုရား)။

          ဒါဖြင့် ခင်ဗျားတို့ကို ဟို . . . နမောတဿကစ၍ မင်းတို့ ဘုရားရှိခိုး စ,စမ်းပါဆိုတော့ သြကာသမပါတာနဲ့ ခင်ဗျားတို့က ဘုရားရှိခိုး မဟုတ်ဘူးထင်နေရင်လဲ ခက်ကြလိမ့်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

          သြကာသမပါဘဲနဲ့ ဘုရားရှိခိုးကို ကျုပ်ဖြင့် မခိုးရသေးဘူးလို့ ထင်နေတာ သြကာသဆိုတာ ဘုရားရှိခိုးပါရစေ အခွင့်တောင်းတာ၊ ခိုးသေးတာမဟုတ်ဘဲ (မှန်ပါ့) ခိုးလာတဲ့အခါ တော့ ဣတိပိသောကျမှ ခိုးတဲ့ဥစ္စာပဲ၊ သြကာသမပါလို့ ဘုရားရှိခိုးမဖြစ်ဘူးဆိုလို့တော့ မဖြစ်ဘူး . . .(မှန်ပါ့) ရိပ်မိပလား . . .(ရိပ်မိပါပြီ ဘုရား)။

          ဒါ . . . ခင်ဗျားတို့ ချွတ်ယွင်းချက်တွေ ပြောသံကြား လူကြီးမိဘတစ်ဆင့်ကြားတွေနဲ့ လမ်းဆုံးနေမှာစိုးလို့ အမြစ်အရင်း ဖော်ပြီး ပြောပါတယ်ဆိုတာကိုလဲ သေသေချာချာမှတ်ပါ . . .(မှန်ပ့ါ) ပြောသံကြားနဲ့ လမ်းဆုံးမှာ သိပ်ကြောက်စရာ ကောင်းလွန်းလို့ပါ . . . (မှန်ပါ့) ရှင်းပြီနော် . . .(ရှင်းပါပြီ ဘုရား)။

          ကိုင်း . . .ဒါဖြင့် ဒကာ ဒကာမတို့ သောတာပန်တည်ချင်လို့ ဂုဏ်ထူးဆောင် နိဗ္ဗာန်မဝင်ချင်ခဲ့သော် အပါယ်လေးပါး တံခါးပိတ်ပြီး ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့၊ ဒုက္ခသိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာလိုချင်ရင် ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါဘုရား) ဘာပါလိမ့် (ကိုယ်နဲ့လျောက်ပတ်တဲ့ တရားကို နာရမယ်၊ နှလုံးသွင်းမှန်ရပါမယ် ဘုရား)။

          ဒီနှစ်ခုရှိရင် ဒကာဒကာမတို့ သမ္မာဒိဋ္ဌိ ဖြစ်တာပဲ . . . (မှန်ပါ့) သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပြီဆိုတော့ သမ္မာဒိဋ္ဌိ ပုဗ္ဗမင်္ဂလာလို့ မဟာစတ္တာလီသကသုတ်မှာ သမ္မာဒိဋ္ဌိက ရှေ့ပြေးပါကွာ - တဲ့ ကျန်တာတွေက သူ့နောက်လိုက်သာ မှတ်လိုက်ပါတဲ့ ဆိုတာ ဟောတဲ့ နေရာမှာလဲ ရှိနေလို့ သမ္မာဒိဋ္ဌိတစ်လုံး ကိုင်လိုက်သဖြင့် မဂ္ဂင်ရှစ်ပါး ၏ ခေါင်းဆောင်လို့မှတ်လိုက်ကြပါ . . .(မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

          မောင်နိုင် ကြိုးစားဖို့အရေး တို့အရေးပါကွာ (မှန်ပါ့) ဒီ နှစ်ချက်ညီဖို့ အရေးသည် တစ်ချက်ဟာ ဒကာဒကာမတို့ ဘုန်းကြီးက ကူညီထားတယ်၊ နောက်တစ်ချက် နှလုံးသွင်းမှန်မှုကလေးကို ခင်ဗျားတို့ ခန္ဓာကိုယ်ဉာဏ်နဲ့သာ တည့်အောင် တည့်ပေးလိုက်ပါ၊ တည့်ပေးလိုက်တဲ့ အခါကျလို့ရှိရင် အပျက်နဲ့ မဂ်နဲ့သာ ကိုက်သွားရင် ကိုဝ ဘာလိုသေးသတုံး (မလိုပါဘုရား) မလိုတော့ဘူးဆိုတာ သေချာပလား . . .(သေချာပါပြီ)။

          အဲဒါကြောင့် ပါရမီတွေ ဘာတွေဆိုတဲ့ဥစ္စာ ပါရမီဆိုတာ တစ်စတစ်စ ဖြည့်ရတယ်ကွ၊ ဟုတ်တယ်တဲ့ ဂုဏ်ထူးဆောင် အဖြစ်နဲ့ နိဗ္ဗာန်ဝင်ချင်ရင် ဘာလုပ်ရမလဲ (ပါရမီဖြည့်ရမယ်ဘုရား) နိဗ္ဗာန်ရရင်ပြီးတာပဲ၊ နိဗ္ဗာန်ဟာ တစ်မျိုးတည်း ရှိတာပဲ၊ ရတဲ့နည်းနဲ့ယူမယ် ဆိုလို့ရှိရင်ဖြင့် သိပ်မလိုလှပါဘူး (မှန်ပ့ါ) လိုသေးသလား (မလိုပါဘုရား)။
          တို့က စာမတက်၊ ပေမတက်နဲ့ လို့ကော ဆိုချင်သေးသလား (မဆိုချင်ပါဘုရား) တရားနာတာဟာ ဘာဖြစ်နေတာတုံး (စာတက်နေတာပါ) ခန္ဓာပေါ်မှာ မှတ်တာဟာ စာတက်အစစ်ပါ . . . (မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ)။ စာအုပ်ထဲတက်နေတာကလိုရင်းမဟုတ်ပါဘူး (မှန်ပါ့ဘုရား)။

          ပေါဋ္ဌိလမထေရ်ကြီးဟာ ပိဋကတ်သုံးပုံဆောင်ပြီး စာအုပ်ထဲတက်တဲ့ အတက်မျိုးလောက်ဖြစ်နေလို့ ဘုရားဆီလာတိုင်း တုစ္ဆပေါဋ္ဌိလ၊ မောဃပေါဋ္ဌိလ လို့ အခေါ်ခံရပါတယ်။ မဟုတ်ဘူးလား (မှန်ပါ့ဘုရား)။

          အဲဒီတော့ သူဟောတဲ့ နေရာမှာ အားမထုတ်လို့ ရှိရင် ဘယ်နည်းနဲ့မှ မင်း မဂ်ပညာမရဘူး၊ ခန္ဓာကိုယ် ကြည့်ပြီးအားထုတ်မှရမယ်၊ အားမထုတ်လို့ရှိရင် မဂ်ပညာ ဘယ်နည်းနဲ့မှ မရဘူးလို့ သူ့ကိုပဲ ဟောတာပဲ (မှန်ပါ့ ဘုရား)။

          ပိဋကတ်သုံးပုံဆောင်ကြီးကို ဟောတာပဲ . . . (မှန်ပါ့ဘုရား) ပိဋကတ်သုံးပုံဆောင်ချည်း ဘဝများစွာဖြစ်ခဲ့တယ် သူဟာ . . .(မှန်ပါ့) ဒါကြောင့် ခန္ဓာကိုယ်ထဲ ယောနိသောမနသိကာရ နဲ့ နှလုံးမသွင်းလို့ရှိရင် မင်းရထားတာတွေ အကုန်ဟာ အမှတ်သညာသာ ဖြစ်တယ်၊ ပညာမဖြစ်ဘူးလို့ သေသေချာချာ ဟောတာပဲ (မှန်ပါ့) သဘောကျပလား . . . (ကျပါပြီ ဘုရား)။

          ဒါဖြင့် ဒကာဒကာမတို့ တို့အတွက်မှာဖြင့် သံသယကိုလဲ ရှင်းပေးတာ ဒီဆရာပဲဆိုတာ ကိုဝ ကျေနပ်ပလား (ကျေနပ်ပါပြီ) သူပြော လူပြောစကားတွေ နားမယောင်ပါနဲ့၊ ဖျက်ပစ်ပါဆိုတာကော ဒီဆရာက သေသေချာချာ ပြောနေတာပဲ (မှန်ပ့ါ) ပြီးတော့ ရှင်မဟာကောဋ္ဌိကနဲ့ ရှင်သာရိပုတ္တရာတို့ ကိုယ်တိုင် တရားနာပြီး ကိုယ်တိုင် နှလုံးသွင်းခြင်းကြောင့် သူတို့ကိုယ်တိုင်ရပြီး သူတို့ဖြစ်စဉ် အမှန်ပြောတာကိုလဲ ခင်ဗျား တို့ကို ဆရာဘုန်းကြီးက မူလပဏ္ဏာသပါဠိတော် ထုတ်ပြောပြီ (မှန်ပါ့ဘုရား)။

          ‘ပေဋကောပဒေသ’ ပါဠိတော် လာတာကိုလဲ ထုတ်ပြောတဲ့အတွက် ခင်ဗျားတို့က ဘာမှ မသိတဲ့လူက သူများပြောသံကြားနဲ့ဆင်ခြေ လဲပြီး ကိုယ့်သံသယနဲ့ကိုယ် ကုက္ကုစ္စ ကိုယ့်ကိုမနှိပ်စက်ပါစေနဲ့ဆိုတာ လေးလေးနက်နက် တားတယ် . . . (မှန်ပါ့) မတားထိုက်ဘူးလား (တားထိုက်ပါတယ်) သဘောပါပြီနော် . . .( ပါ,ပါပြီ ဘုရား)။

          ကိုင်း . . . ဒါဖြင့် ဒကာ ဒကာမတို့         ဟောကြပါစို့တဲ့၊ ခင်ဗျားတို့ကိုယ်နဲ့ လျောက်ပတ်တဲ့ တရားကဖြင့် ပါရတော့မှာပဲ (မှန်ပါ့) တရားဆိုတာလဲ နောက်ဆုံးပိတ်မှာ ဒကာ ဒကာမတို့ မှတ်လိုက် ပိဋကတ်သုံးပုံကို ကိုဝ အကျဉ်းချုံးလိုက်ရင် ဖြင့် ဖြစ်ပျက်ပဲရှိတယ်(မှန်ပါ့) သဘောကျပလား . . . (ကျပါ ပြီ ဘုရား)။

          ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် (ဖြစ်ပျက်ရှိပါတယ်) အဲ . . .  အနိစ္စပဲရှိတယ်၊ ဒုက္ခပဲရှိတယ်၊ အနတ္တပဲရှိတယ်၊ အနိစ္စလဲ ဖြစ်ပျက်ပဲ၊ ဒုက္ခလဲ ဖြစ်ပျက်ပဲ၊ အနတ္တလဲ ဖြစ်ပျက်ပဲ။

          အဲဒီတော့ ပိဋကတ်သုံးပုံကို အကျဉ်းချုံးပြီး သကာလ စာတွေ့သင်တာ ဘယ်ကမ်း ဘယ်သောင် ဘယ်ဆိပ်ကမ်းဆိုက်ချင်လို့လဲ မေးရင် အနိစ္စ, ဒုက္ခ, အနတ္တ ဆိုက်ချင်လို့ သင်ကြတာ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။

          ဒါကြောင့် ပိဋကတ်သုံးပုံချုံးလိုက်တော့ ဘယ်မှာ လမ်းဆုံးသွားပါလိမ့် . . . (ဖြစ်ပျက်မှာ လမ်းဆုံးပါတယ်) ဖြစ်ပျက်ဆိုတဲ့ အနိစ္စ, ဒုက္ခ, အနတ္တမှာ လမ်းမဆုံးဘူးလား (ဆုံးပါတယ်) သဘောကျပလား (ကျပါပြီ ဘုရား)။

          အဲဒီဖြစ်ပျက်ဟာလဲတဲ့ ဘယ်မှာ လမ်းဆုံးသလဲ ဆိုတော့ မပျက်တဲ့ဆီမှာ လမ်းဆုံးတယ် (မှန်ပါ့) ဖြစ်ပျက်ဟာ ပိဋကတ်သုံးပုံ၏ အဆုံးက ဖြစ်ပျက်၊ ဖြစ်ပျက်၏ အဆုံး နိဗ္ဗာန်ဆိုတဲ့ ဘယ်သူလုပ်လို့မှ မဖြစ်၊ ဘယ်သူဖျက်လို့မှ မပျက်တဲ့ နိဗ္ဗာန်မှာ သွားပြီး လမ်းဆုံးတယ် (မှန်ပါ့) ဒါကော သဘောကျပလား  . . .(ကျပါပြီ ဘုရား)

          ဒါလဲ အခုပြောတဲ့စကားနှစ်ခွန်းပဲ ရှိပါသေးတယ်၊ ဒကာ ဒကာမတွေ အရေးမကြီးတာကို ကိုဝ တစ်ချက်မှ မပါဘူး . . . (မှန်ပါ့) ပိဋကတ်သုံးပုံကို အကျဉ်းချုံးလိုက်ရင် ဘာတွေ့သလဲ (ဖြစ်ပျက်ပါဘုရား)။

          ပိဋကတ်သုံးပုံ၏ အဆီအနှစ် ထုတ်လိုက်တော့ ဖြစ်ပျက်ပဲ တွေ့ရတယ် (မှန်ပါ့) အဲဒီ ဖြစ်ပျက်ကို တစ်ခါ ဖြစ်ပျက်သည်ကား ဆိုလို့ရှိရင် ဘယ်မှာ စခန်းသတ်မှာတုံးလို့ မေးလို့ရှိရင် မဖြစ်မပျက်တဲ့ဆီမှာ ဘာတုံး . . .(စခန်းသတ်ပါမယ်) မဖြစ် မပျက်တဲ့ဆီဆိုတာ ဘယ်သူလုပ်လို့မှ မဖြစ်တာက နိဗ္ဗာန်ပဲ (မှန်ပါ့) ဘယ်သူဖျက်လို့မှ မပျက်တာ (နိဗ္ဗာန်ပါဘုရား)။

          အဲ . . . မဖြစ်မပျက်တဲ့ နိဗ္ဗာန်မှာ လမ်းဆုံးတယ် ဆိုသဖြင့် သြော် . . . တို့သည် ဖြစ်ပျက်မြင်ကတည်းက ပိဋကတ်သုံးပုံ တို့အထဲရောက်ပြီဟ (မှန်ပါ့) ဆိုနိုင်ကြပလား (ဆိုနိုင်ပါတယ် ဘုရား)။

          ဖြစ်ပျက်မြင်တကည်းက . . . (ပိဋတ်သုံးပုံတို့ အထဲရောက်ပါပြီ ဘုရား)။

          ဒါဖြင့် ပိဋကတ်သုံးပုံ ရောက်လာလို့ရှိရင် အဲဒီ ပိဋကတ်သုံးပုံကို ဒကာဒကာမတွေက အဆုံးလိုက်, လိုက်၊ ဖြစ်ပျက်အဆုံးလိုက် - လိုက် . . .(မှန်ပါ့) အဆုံးလိုက်တဲ့ အခါကျတော့ အခု ဖြစ်ပျက်ကတော့ အကြောင်းဖြစ်လို့ အကျိုးဖြစ်ရရှာတယ်၊ အကြောင်းပျက်လို့  . . .(အကျိုးပျက်ရပါတယ် ဘုရား)။






" နှလုံးသွင်းမှန်ခြင်းဆိုတာ - ၁ "
----------------------------------------------
" အနိစ္စရှိတဲ့တရားကို အနိစ္စရယ်လို့တွေ့ရင် . . .
ဒုက္ခရှိတဲ့တရား ဒုက္ခဖြစ်နေတာကို ဒုက္ခရယ်လို့
တွေ့ရင် . . .နှလုံးသွင်းမှန်ပါပြီ ။
ပုဂ္ဂိုလ်သတ္တ၀ါတွေ ပျောက်ပြီးသကာလ၊
- အနိစ္စရှိ၍ အနိစ္စတွေ့တာပဲလို့ ဆိုရင်၊
- အနတ္တရှိ၍ အနတ္တတွေ့ရင် ၊
- အသုဘရှိ၍ အသုဘတွေ့ရင် ၊
နှလုံးသွင်းမှန်ပါတယ် ။ " - မိုးကုတ်ဆရာတော်