၎ ပါးစုတွေ
- ၄ ပါးစု
ဂေါရီ - ရှစ်နှစ်
ကညာ - ဆယ်နှစ်
ကုမာရီ - ဆယ့်နှစ်နှစ်
မဟလ္လိကာ - ဆယ့်နှစ်နှစ်မှ အထက်
ကျွန်းကြီး ၄ ကျွန်း
ပြုဗ္ဗ၀ိဟ - အရှေ့ကျွန်း (လ၀န်းသဏ္ဍာန်၊ ယူဇနာ ၇၀၀၀)
အပရဂေါရာ - အနောက်ကျွန်း (လ၀န်းသဏ္ဍာန်၊ ယူဇနာ ၇၀၀၀)
ဥတ္တရကုရု - မြောက်ကျွန်း (လေးထောင့်သဏ္ဍာန်၊ ယူဇနာ ၈၀၀၀)
ဇမ္ဗူဒီပါ - တောင်ကျွန်း (သုံးထောင့်ပုံသဏ္ဍာန်၊ ယူဇနာ ၁၀၀၀၀)
ကံအပြား ၄ ပါး
ဂရုကံ - ကြီးလေးသော ကံ၊ အမိကို သတ်ခြင်း၊ အဖကို သတ်ခြင်း၊
ရဟန္တာကိုသတ်ခြင်း၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း၊
သံဃာတော်အချင်းချင်း ကွဲပြားစေခြင်း၊
အာသန္နကံ - သေခါနီးကာလ၌ ပြုအပ် အောက်မေ့အပ်သောကံ
အာစိဏ္ဏကံ - မပြတ်လေ့ကျက်အပ်သောကံ၊ တစ်ကြိမ်တစ်ခါပင်ပြုမိသော်လည်း
မပြတ်စွဲမြဲအောက်မေ့အပ်သောကံ၊
ကဋတ္တာကံ - ရှေးရှေးဘ၀က ပြုခဲ့ဖူးသောကံ၊
စကားအရာ ၄ တန်
သုဘာသိတ - အကျိုးစီးပွားနှင့်ယှဉ်သည့် ကောင်းမြတ်သော စကား
ပီယ၀ါစာ - ချစ်နှစ်လိုဖွယ် ဆိုသော စကား
ဓမ္မ၀ါစာ - တရားတော်နှင့် ညီညွတ်သောစကား
သစ္စ၀ါစာ - ဖြောင့်မှန်သော စကား
စမ အက္ခရာ ၄ လုံး
စ - ဒေါင်းတွင်ရှိ၏
ဓ - ပုစွန်တွင်ရှိ၏
ဗ - ၀ံတွင်ရှိ၏
ဝ - ငါးတွင်ရှိ၏
တော်လေးဝ
အမရာ - မဟော်သဓာ၏ မိဘုရား
ကိန္နရီ - စန္ဒကိန္နရီ
မဒ္ဒီ - ဝေဿန္တရာမင်းကြီး၏ မိဘုရား
သမ္ဘူလ - သောတ္တိသေန၏ မိဘုရား
နှစ်သက်စေကြောင်း ၄ ပါး
အလိုရမ္မက်ကြီးသောသူကို ဥစ္စာပေးကမ်းသဖြင့် နှစ်သက်စေရာ၏။
ဂုဏ်မာန်ခက်ထန်သူကို လက်အုပ်ချီ၍ နှိမ်ချသဖြင့် နှစ်သက်စေရာ၏။
မိုက်မဲသောသူကို အလိုလိုက်သဖြင့် နှစ်သက်စေရာ၏။
ပညာရှိကို မှန်သောစကားကိုဆိုသဖြင့် နှစ်သက်စေရာ၏။
ပဋိသန္ဓေ ၄ မျိုး
- ဥ၌ တည်၍ဖြစ်သော သန္ဓေ
သံသေဒဇ သစ်ရွက် သစ်ပွင့်၌ ဖြစ်သော သန္ဓေ
- အမိဝမ်း၌ ကလလရေကြည်တည်၍ ဖြစ်သောသန္ဓေ
- မွေးဖွားခြင်းမရှိ နတ် ဗြဟ္မာတို့ကဲ့သို့ ကိုယ်ထင် ဖြစ်လာသော သန္ဓေ
ပါရာဇိက ၄ ပါး
မေထုန ပါရာဇိက - မေထုန်ဟူသော မမြတ်သော အကျင့်ကို ကျင့်ခြင်း
အဒိန္နဒါန ပါရာဇိက - သူတစ်ပါးဥစ္စာကို ခိုးယူခြင်း
မနုဿဝိဂ္ဂဟ - လူစင်စစ် အသက်ကို သေစေလိုသော စိတ်ဖြင့် သတ်ခြင်း
ဥတ္တရိ မနုဿဓမ္မ ပါရာဇိက - မရသေးသော ဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ပြောဟောခြင်း
ပျက်စီးကြောင်း ၄ ပါး
ရသေ့ရဟန်းဖြစ်လျက် အလိုရမ္မကြီး၍ မရောင့်ရဲသူ
ပြည့်ရှင်မင်းဖြစ်လျက် ရောင့်ရဲလွယ်သူ
ပြည့်တံဆာမဖြစ်လျက် အရှက်အကြောက်ရှိသူ
အမျိုးသမီးမြတ်ဖြစ်လျက် အကြောက်မရှိသောသူ
ဖျက်ဆီးတတ်သူ ၄ မျိုး
ကာကော - ကျီးသည် ငှက်သတ္တ၀ါတို့ကို ဖျက်ဆီးတတ်၏။
မူသိကော - ကြွက်သည် အိမ်၌ ဖျက်ဆီးတတ်၏။
ဝါနရော - မျောက်သည် တော၌ ဖျက်ဆီးတတ်၏။
ဗြာဟ္မဏော - ပုဏ္ဏားသည် လူတို့ကို ဖျက်ဆီးတတ်၏။
မကောင်းသူ ၄ ယောက်
ပျင်းရိသောသူ
ကိုယ်နှုတ်နှလုံး မစောင့်သော ရဟန်း
မစူးစမ်းသောမင်း
အမျက်ကြီးသော ပညာရှိ
ကြောင့်ကြသော သတ္တ၀ါ ၄ မျိုး
ကြိုးကြာငှက် - မြေကြီးတုန်လှုပ်အံ့သည်ကို စိုးရိမ်၍ အသာအယာ နင်းသည်။
မျောက် - မြေကြီးပျောက်အံ့သည်ကို စိုးရိမ်၍ တစ်ည သုံးခါဆင်း၍ စမ်းသည်။
တီ - မြေကြီးကုန်အံ့သည်ကို စိုးရိမ်၍ မြေကို ထွေးအံကြသည်။
တစ်တီတူး - မိုးပြိုအံ့သည်ကို စိုရိမ်၍ အိပ်သောအခါ ပက်လက်ခြေမိုးမျှော်၍ အိပ်သည်။
မရောင့်ရဲခြင်း ၄ ပါး
မင်းတို့သည် ဥစ္စာ ရွှေငွေများခြင်း၌ မရောင့်ရဲ
ပညာရှိတို့သည် စကားကောင်းဆိုခြင်း၌ မရောင့်ရဲ
မျက်စိသည် ချစ်သောသူတို့ကို ကြည့်ခြင်း၌ မရောင့်ရဲ
သမုဒ္ဒရာသည် ရေပြည့်နေသော်လည်း မရောင့်ရဲ
မိမိမယား၌ ကာမေသုမိစ္ဆာထိုက်ခြင်း ၄ မျိုး
ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ
မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်သောနေရာ
ကျင့်ရိုးမဟုတ်ကျင့်ခြင်း
ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက်လွန်သောအခါ
မိုး ၄ မျိုး
ခြိမ်းကားခြိမ်း၏၊ မရွာ
ခြိမ်းကား မခြိမ်း၊ ရွာ၏
ခြိမ်းလည်းခြိမ်း၏၊ ရွာလည်းရွာ၏
ခြိမ်းလည်းမခြိမ်း၊ ရွာလည်းမရွာ
မိုးနှင့်တူသော ပုဂ္ဂိုလ် ၄ ယောက်
ဆိုကားဆို၏ ၊ အမှုကို မပြု
ဆိုကားမဆို၊ အမှုကို ပြု၏
ဆိုလည်းဆို၏၊ အမှုကိုလည်းပြု၏
ဆိုလည်းမဆို၊ အမှုကိုလည်း မပြု
လောက၌ ရှောင်ကြဉ်ရာသည် ၄ ပါး
ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ်အကွာမှ ရှောင်ကြဉ်ရာ၏။
အစွယ်ရှိသော သတ္တ၀ါကို အတောင်တစ်ရာအကွာမှ ရှောင်ကြဉ်ရာ၏။
ဆင်ကို အတောင် တစ်ထောင်အကွာမှ ရှောင်ကြဉ်ရာ၏။
လူယုတ်မာကိုကား မိမိ၏နေရပ်ကိုပင်စွန့်၍ ရှောင်ကြဉ်ရာ၏။
ဝေးခြင်း ၄ ပါး
မဟာသမုဒ္ဒရာသည် တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်းဝေး၏။
နေထွက်ရာတောင်နှင့် နေ၀င်ရာတောင် ဝေး၏။
ဘ၀ဂ်နှင့် မြေဝေး၏။
သူယုတ်နှင့် သူတော်ကောင်း ဝေး၏။
အဂတိ ၄ ပါး
ဆန္ဒာဂတိ - ချစ်သဖြင့် တစ်ဖက်သတ် စီရင်ခြင်း
ဒေါသာဂတိ - အမျက်ဒေါသကြောင့် တစ်ဖက်သတ် စီရင်ခြင်း
ဘယာဂတိ - ကြောက်ရွံ့သဖြင့် တစ်ဖက်သတ် စီရင်ခြင်း
မောဟာဂတိ - တွေဝေ၍ တစ်ဖက်သတ် စီရင်ခြင်း
အနန္တ ၄ ပါး
ကောင်းကင်
စကြ၀ဠာ
သတ္တ၀ါ
သဗ္ဗညုတဥာဏ်တော်
အဖြေ ၄ ပါး
ဧကံသဗျာကရဏ - မေးလျှင် မေးတိုင်းသာ ဖြေခြင်း
ဝဘဇ္ဇဗျာကရဏ - အကျဉ်းမေးသည်ကို အကျယ်ဖြေခြင်း
ပဋိပုစ္ဆာဗျာကရဏ - တစ်ဖန်မေး၍ ဖြေခြင်း
ဌပနိယဗျာကရဏ - မေးသည်ကိုထား၍ တခြားပုံဆောင်ကာ ဖြေခြင်း
အမျိုး ၄ ပါး
ခတ္တိယ - မင်းမျိုး
ဗြာဟ္မဏ - ပုဏ္ဏားမျိုး
ဝေဿ - ကုန်သည်မျိုး
သုဒ္ဒ - သူဆင်းရဲမျိုး
အမြတ် ၄ ပါး
အခါတို့တွင် သရဒကာလဟူသော တန်ဆောင်မုန်းလသည် မြတ်၏။
မိန်းမတို့တွင် အဆင်းလှသော မိန်းမသည် မြတ်၏။
သားတို့တွင် သားကြီးသည် မြတ်၏။
အရပ်တို့တွင် မြောက်အရပ်သည် မြတ်၏။
အား ၄ ပါး
ငှက်တို့၏အားသည် ကောင်းကင်ဖြစ်၏။
ငါးတို့၏အားသည် ရေဖြစ်၏။
အားနည်းသူ၏အားသည် မင်းဖြစ်၏။
ကလေးတို့၏အားသည် ငိုခြင်းဖြစ်၏။
စတုမဓုမျိုး ၄ ပါး
ထောပတ်
ပျားရည်
တင်လဲ
နှမ်းဆီ (၄င်း ၄ပါး အမျှစီ၊ နေသို့မဟုတ် မီးဖြင့်ချက်)
Copy from ဖတ်မိပြီး မှတ်မိတာတွေ (http://luminhan.blogspot.sg/2012/05/blog-post_7789.html)
No comments:
Post a Comment